စက်တင်ဘာ-၈၊၂၀၂၅။စိုးမြင့်/People’s Spring
ဟင်္သာတမြို့ပေါ်တွင် ယနေ့ ညနေပိုင်း၌ သွားဆရာဝန်ဇနီးလင်မယားအသတ်ခံလိုက်ရသည်။
ဟင်္သာတမြို့၊ ပါဆယ်လမ်းမှ သွားဆရာဝန်ဒေါက်တာခင်မောင်ထွန်း နှင့် ဇနီးတို့ကိုစက်တင်ဘာ၈ ရက်၊ ညနေ ၄နာရီခန့်တွင် အမျိုးသားတစ်ဦးက ဓားဖြင့်သတ်ဖြတ်သွားခြင်းဟုမြို့ခံအချို့ကပြောသည်။
“ဆေးခန်းပြချင်တယ်ဆိုပြီး ဝင်လာပြီး ဓားနဲ့ထိုးသတ်တာ။ မိန်းမဖြစ်သူက အိမ်မှာတင်သေတာ။ယောင်္ကျားကတော့ ဆေးရုံပို့တုန်း သေဆုံးတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
သတ်ဖြတ်မှုကျူးလွန်သူသည် လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါ ဆရာဝန်နှင့် ဇနီးဖြစ်သူအပြင် နေအိမ်ထဲမှ အိမ်အကူနှင့်အခြားအမျိုးသမီးတစ်ဦးကိုပါ ဓားဖြင့်ထိုးသွားသည်ဟု သိရသည်။
“အိမ်ထဲမှာရုန်းရင်ဆန်ခတ်ဖြစ်ပုံရတယ်။နှစ်ဦးသေဆုံးတယ်။ နှစ်ဦးဒဏ်ရာရတယ်။အဲ့ဒီလူ ( သတ်ဖြတ်မှုကျူးလွန်သူ) က ထွက်ပြေးသွားတယ်”ဟု မိသားစုနှင့်သိသူတဦးကပြောသည်။
လူသတ်မှုဖြစ်စဉ်သည် လူမှုရေးကိစ္စကြောင့်ဖြစ်နိုင်ကြောင်းဒေသခံအချို့ကပြောနေသော်လည်း People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
အမှုဖြစ်သည့် နေအိမ်သည် ဟင်္သာတခရိုင်ရဲရုံး၊ တရုားရုံးတို့နှင့် တစ်မိုင်ပင်မဝေးသောနေရာ၌ ရှိသည်ဟု မြို့ခံများက ပြောသည်။
