ဩဂုတ်−၂၆၊၂၀၂၅။မိထက်/People’s Spring
ဧရာဝတီတိုင်း အတွင်းဇလွန်၊ဟင်္သာတ နှင့်ဓနုဖြူမြို့နယ် တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုအား ခြမ်းခြောက်နေကြောင်းဒေသခံများက ပြောသည်။
ယနေ့(ဩဂုတ် ၂၆ရက်)နံနက်၁၀နာရီခွဲခန့်တွင်တိုက်လေယာဉ်တစင်းသည် ခပ်နိမ့်နိမ့် ပျံသန်းသွားသည်ဟု သတင်းရရှိသည်။
” မဲမဲကြီး။ နိမ့်နမ့်လေးမှ နိမ့်နိမ့်လေး ပျံသွားတာ။ ဆူညံသွားတာပဲ။ ကြောက်လို့ အိမ်ထဲဝင်ပြေးရတယ်”ဟု ဇလွန်မြို့ပေါ်နေ ဒေသခံတဦးက ပြောသည်။

Public Service Announcement
အဆိုပါတိုက် လေယာဉ်သည် အရှေ့ဘက်မှ အနောက်ဘက် သို့ ပျံသန်းလာပြီး မိနစ်အနည်းငယ်ကြာ ဝိုက်၍ ပျံသန်းနေခဲ့သည်ဟု ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့မှဒေသခံအချို့က ပြောသည်။
ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့တို့နှင့် ၁၀မိုင်မှမိုင်၂၀ကြားဝေးသော လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများဖြစ်နေပြီး ညစဉ်လိုလို လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်။
ဧရာဝတီတိုင်းအတွင်း စစ်ရေးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက ယခု ၂၀၂၅နှစ်ဆန်းပိုင်းမှစတင်ကာ သတိပေးနေကြသည်။
(တိုက်လေယာဉ်များကို စစ်ဆေးနေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ – MOI)
