close
Connect with us

Hi, what are you looking for?

သတင်း

ဦးကျော်မိုးထွန်းကို ဆက်ခန့်ဖို့ တောင်းဆိုစာတွင် ထောက်ခံပေးရန် NYCBC တောင်း‌ဆို

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလက်ရှိတာဝန်များအတိုင်းဆက်လက်ခန့်အပ်ရန် တောင်းဆိုစာကို ထောက်ခံသူစာရင်း၌ ပါဝင်ပေးရန် New York City Burmese Community (NYCBC)ကတောင်းဆိုထားသည်။

သံအမတ်ကြီးဦး​ကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်​ရေး စစ်ကိုင်းတိုင်းမှပြည်သူများ ဆန္ဒထုတ်​​ဖော်​နေကြစဥ်

စက်တင်ဘာ-၁၀၊၂၀၂၅။တေဇ/People’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလက်ရှိတာဝန်များအတိုင်းဆက်လက်ခန့်အပ်ရန် တောင်းဆိုစာကို ထောက်ခံသူစာရင်း၌ ပါဝင်ပေးရန် New York City Burmese Community (NYCBC)ကတောင်းဆိုထားသည်။

“ယခုစာရင်းသွင်းသူနှစ်သောင်းမပြည့်သေးပါ။ တိုင်းပြည် နှင့် မိမိ၏သားစဉ်ဘောင်ဆက် ရှေ့ရေး အတွက် အချိန်မိနစ်အနည်းငယ်လှုဒါန်းပါဝင်ကြပါ” ဟု NYCBC ကပြည်သူများကိုတောင်းဆိုထားသည်။

ပါဝင်လိုသူများအနေဖြင့် https://docs.google.com/…/1dwI2vVxWSM5Pr…/viewform… သို့ဝင်၍ တောင်းဆိုစာကို ထောက်ခံကြောင်းရေးသားနိုင်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ဦးကျော်မိုးထွန်းသည် အသံမဲ့မြန်မာပြည်သူများ၏အသံဖြစ်ပြီး၊ကျွန်ုပ်တို့နိုင်ငံ၏ အကျပ် အတည်းအခြေအနေမှန်ကို နိုင်ငံတကာအသိုင်းအဝိုင်းသိရှိစေရန် ကြိုးပမ်းနေသည့် သူ၏ အခန်းကဏ္ဍကို အဓိကထားဖော်ပြထားပါသည်။ “ဟုဦးကျော်မိုးထွန်းအားမြန်မာ နိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂ သို့ တောင်းဆိုစာတွင်ရေးသားထားသည်ဟုအထက်ပါလင့်ခ်၌ဖော်ပြထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၂၀ ရက်တွင်စတင်မည်ဖြစ်သောကြောင့် စက်တင်ဘာ ၁၉ ရက်နောက်ဆုံးထား၍ပေးပို့ရန် လိုအပ်ကြောင်း NYCBC က အသိပေးထားသည်။

(၈၀)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ Credentials Committee(သံတမန်စိစစ်ရေးကော်မတီ)ကိုစက်တင်ဘာ၉ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက် ၊ တိုဘာဂို စသည့်နိုင်ငံများပါဝင်ကြောင်း သိရသည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် လက်ရှိအချိန်အထိ ယတိပြတ်မပြောနိုင်သေးသော်လည်း ယခင်နှစ်ကကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားရန်အတွက် စစ်ကောင်စီက နှစ်စဥ်ကြိုးစားခဲ့သော်လည်းသံတမန်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကိုရွှေ့ဆိုင်းခဲ့‌သောကြောင့်သံအမတ်ကြီးဦးကျော်မိုးထွန်းကလက်ရှိအချိန်အထိမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

(၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၇)မှာ "Our Ambassador Our Voice" စာသားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာဒီကနေ့ (စက်တင်ဘာ ၅)မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း အသီးသီးဆန္ဒပြခဲ့ပါတယ်။

သတင်း

Suu 80th Birthday Campaign အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့ ယနေ့ သွားရောက်ခဲ့သည်။

Facebook