close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ အားပေးကူညီသူများတရားဝင်လူသတ်လိုင်စင်ပေးခြင်းဖြစ်၍ အရေးယူမည်ဟု KNU တပ်မဟာ(၃)ကြေညာ

အာဏာသိမ်းစစ်အုပ်စုက တဖက်သတ်ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအပေါ် ကရင် အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင် ခရိုင်၊တပ်မဟာ(၃)က ယနေ့ (စက်တင်ဘာ၁၁ရင်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ KNU ဗဟို၏ လမ်းညွှန်မှုအတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်၍ ရွေးကောက်ပွဲ အားပေးကူညီသူများကို အရေးယူမည်ဟု ထုတ်ပြန်သည်။

KNU/KNLAတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA

စက်တင်ဘာ-၁၁၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်အုပ်စုက တဖက်သတ်ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအပေါ် ကရင် အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင် ခရိုင်၊တပ်မဟာ(၃)က ယနေ့ (စက်တင်ဘာ၁၁ရင်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ KNU ဗဟို၏ လမ်းညွှန်မှုအတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်၍ ရွေးကောက်ပွဲ အားပေးကူညီသူများကို အရေးယူမည်ဟု ထုတ်ပြန်သည်။

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို လုံး၀ လက်မခံကြောင်း KNUဗဟိုက ထုတ်ပြန်ထားပြီး အဆိုပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာ ဖြစ်ကြောင်း၊ စစ်တပ်ကိုအကျိုးပြုမည့်လူနှင့် ပါတီ ရွေးချယ်ပွဲဖြစ်ကြောင်း ဖော်ပြသည်။

ရွေးကောက်ပွဲတွင်ပါဝင်ခြင်းဖြင့် အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်သွားနိုင်၍ နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားရန် KNUက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ယခု KNU ညောင်လေးပင်ခရိုင်တပ်မဟာ(၃)၏ ထုတ်ပြန်ချက်တွင် ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စုကို ပြည်သူလုထုတစ်ရပ်လုံး ယုံကြည်လက်ခံသည့် တနိုင်ငံလုံးကို လွှမ်းခြုံသော ရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု “နိုင်ငံသစ်” ကို ထူထောင်မည်ဖြစ်ကြောင်း၊ ယခု အကြမ်းဖက် စစ်အာဏာရှင်က ကျင်းပမည့်ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီးတိုင်းပြည်အတွင်းနေထိုင်သည့် ပြည်သူလူထုအား ငရဲတွင်းပို့ဆောင်ရန်သာဖြစ်ကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်၊အကြမ်းဖက်စစ်ကော်မရှင် ထုတ်ပြန်သည့် တရားမဝင်အတုအယောင် တဖက်သတ် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အပေါ် ဖိနှိပ်ကျွန်ပြု၊ ဂုတ်သွေးစုတ်ပြီး အသက်ရှင်လျက် “သေလူနှင့်မခြားသည့်” ဘဝသို့တွန်းပို့သွားရန်ဖြစ်ကြောင်းလည်း သတိပေးသည်။

ထို့ပြင် စစ်အာဏာရှင်တဖက်သတ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ၏ ရလဒ်မှာ စစ်ကော်မရှင်အကြီးအကဲအပေါင်းအပါ မိသားစုဝင်များ၊ စစ်ကော်မရှင်၏လောင်းရိပ်အောက် အဆိပ်သင့်သည့် နိုင်ငံရေးပါတီများ၏ အကျိုးစီးပွား ရရှိရေးပင်ဖြစ်ဟု ဆိုသည်။

ထို့ကြောင့် ညောင်လေးပင်ခရိုင်အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲမျာ၊ နိုင်ငံရေးပါတီ များ၊ ဘာသာရေးအသင်းအဖွဲများနှင့် တစ်သီးပုဂ္ဂလပါတီ လူပုဂ္ဂိုလ်များအား စစ်ကော်မရှင်ကျင်းပမည့် တဖက်သတ်တရားမဝင်ရွေးကောက်ပွဲ ဝင် ရောက်ပါဝင်ခြင်း မပြုရန် သတိပေးခဲ့သည်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဝင် ရောက်ပံ့ပိုး အားပေးကူညီသူများသည် စစ်ကော်မရှင်အား “တရားဝင်လူသတ်လိုင်စင်” ပေးသူများဖြစ်ကြောင်း၊ တစ်ဖက်သတ်ကျင်းပမည့် တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ အတွင်းသိုဝင်ရောက်စိမ့်ဝင်အားပေးအားမြောက်ပြုလုပ်သူများအား စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ပြီးလိုအပ်ပါက ကျူးလွန်သူများအား ကော်သူးလေ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)က ကြေညာခဲ့သည်။

KNU တပ်မဟာ(၃) ကဲ့သို့ အခြားသော ခရိုင်တပ်မဟာများကလည်း စစ်အုပ်စု ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သူများကို အရေးယူမည်ဟု သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ "သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့" ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တတိယမြောက်မဲအများဆုံးရရှိတဲ့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီလို့ ဆိုပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စစ်အုပ်စု၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNUက ယနေ့ စက်တင်ဘာ ၉ရက်တွင် ကျရောက်သည့်(၃၄)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

Facebook