close
Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး သေဆုံး

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

စက်တင်ဘာ၁၁ရက် ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်သုံးဦးကို တွေ့ရစဥ်။ဓာတ်ပုံ − CTER Karenni

စက်တင်ဘာ−၁၂၊ ၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။

စက်တင်ဘာ ၁၁ ရက် ည ၁၀နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးပေါ် တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံမှ ရရှိသည့်အချက်အလက်များအရ ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ(၁၀၂)တပ်ရင်း နှင့်ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်းတို့မှ လက်နက်ကြီးဖြင့် ခြောက်ကြိမ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဒေါဘျာကူးကျေးရွာမှ နေအိမ်တစ်လုံးထိမှန်ပြီး အဘွားဖြစ်သူ (၉၁)နှစ်အရွယ် ဒေါ်မီမာ၊ လင်မယားနှစ်ဦးဖြစ်သူ (၄၄)နှစ်အရွယ် ဦးငါးရယ်နှင့် (၃၈)နှစ်အရွယ် ဒေါ်စူးမာ ဖြစ်သူတို့ နေရာတွင် သေဆုံးခဲ့ရသည်။

ထို့အပြင် ကျန်ရစ်ခဲ့သည့် (၁၅)နှစ်၊ (၁၂)နှစ်နှင့် (၉)နှစ်အရွယ်တို့ ကလေးသုံးဦးသည် ခြေထောက်နှင့် မျက်နှာတို့တွင် ထိခိုက်မှုများရ၍ ဆေးကုသနေရကြောင်း အသိပေးသည်။

“အသက် ၁၂ နှစ်အရွယ် မီရယ်ထူး”သည် စိတ်ဒဏ်ရာရရှိခဲ့သည်ဟု IEC၏ အချက်အလက်၌ ပါရှိသည်။

“အမြောက်ကျည်တွေ သူတို့အိမ်ကို ကျသွားတယ်။ မိသားစုတစ်စုက သုံးယောက်လုံး တပြိုင်နက်တည်း သေဆုံးမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ လူသားမဆန်လောက်အောင် ရက်စက်တာပဲ” ဟု ဒေသခံ တဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ် ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ပစ်ခတ်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု CTER-Karenniက ဆိုသည်။

ထို့အပြင် သြဂုတ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၃၅ဦးသေဆုံးပြီး ၅၀ ဝန်းကျင် ဒဏ်ရာရရှိကြောင်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ (KnHRG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီတိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။