close
Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် စစ်တပ်လက်အောက်ခံပျူစောထီးတဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာနေ ပျူစောထီးအေးမင်းထွန်းဆိုသူ ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရပြီး​သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ-၁၃၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာနေ ပျူစောထီးအေးမင်းထွန်းဆိုသူ ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရပြီး​သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်မနက် ၇ နာရီလောက်က ပျူစောထီးလို့ဆိုသူ အေးမင်းထွန်းဟာယာတဲသို့သွားရန် ပန်းသင်းပင်ရွာပြင်သို့ ထွက်လာစဥ်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှရဲဘော်များကစောင့်ကြိုပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ က ဒီကနေ့ စင်တင်ဘာ ၁၃ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီပျူစောထီးအေးမင်းထွန်းဟာပန်းသင်းပင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာရှိတဲ့ပြည်သူတွေထံက ကိုင်သတ်ဆေးပုံး၊ ဆန်၊ ဆီ၊ ငါးနှင့် အခြားဟင်းမျိုးစုံတို့ကို စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုချင်တာမှန်သမျှ အကုန်သိမ်းယူပြီး အာဏာရှင်အလိုကျလုပ်ကိုင်နေတာကြောင့်အခုလိုပြတ်ပြတ်သားသားအရေးယူလိုက်တာလို့ တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီပျူစောထီး အေးမင်းထွန်းက စကစတွေနဲ့နဲ့အတူလိုက်ပြီး ကိုယ်တိုင်သိမ်းဆည်းတာ။ အခုမှ အဲလိုလုပ်နေတာမဟုတ်ဘူး၊ ကြာပြီ ၂ နှစ်လောက်ရှိပြီ”လို့ တပ်ရင်း ၃၆၀၁ ရဲ့ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူကိုဒုက္ခအမျိုးမျိုး​ပေးနေတဲ့ စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်တိုင်တွေကို အခုလို ပြတ်ပြတ်သားသားအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်လျှက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့က ညောင်ပင်နီအုပ်စု၊ ညောင်နီပင်ရွာနဲ့ ကျောင်ကြီးတောင်ရွာကြားသို့ အင်အား ၉၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် သားများကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှ ပဒေ သာမိုင်းလေးလုံးဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးကာ (၅)ဦး အပြင်းထန်ဒဏ်ရာသွားတယ်လို့ တပ် ရင်း ၃၆၀၁ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ဘုရားဖြူမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းကာ အနောက်တာ(ရေဝင်တန် ဆည်) ဘက်ကို ဝင်ရောက်ပြီး ပြည်သူတွေ ဖမ်းဆီးကာ ဆက်ကြေးတောင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်သင်္ဘောတစ်စီးနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ စက်လှေတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို တရက်တည်း နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Generation Z Army - GZA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲကရပ်ကွက်အချို့မှာစစ်မှုထမ်းစာရင်းပါတဲ့နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။