close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင်စစ်တပ်တိုက်လေယာဉ်ကိုပူးပေါင်းတပ်ပစ်ခတ်၊ ထိခိုက်ပြီးမြိတ်ဘက်ပြန်လှည့်သွားဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ်ကိုစက်တင်ဘာ၁၂ ရက်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

စစ်တပ်၏ တိုက်​လေယာဥ်တစ်စီး

■“သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့ကနယ်မြေခံတွေတွေ့ရှိချက်ကတော့တောင်ပံအထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” – KNLA သတင်းရင်းမြစ်

စက်တင်ဘာ ၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ်ကိုစက်တင်ဘာ၁၂ ရက်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးလာကြဲစဥ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၁)နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်များးက ပစ်ခတ်ခဲ့‌ခြင်းဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်ထိခိုက်မှုရှိခဲ့၍ မြိတ်မြို့ဘက်သိုပြန်လှည့်ခဲ့ဟု ဖော်ပြသည်။စစ်တပ်၏ တိုက်​လေယာဥ်အမျိုးအစားအ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

“ကျနော်တို့တပ်မဟာ(၄)မှာအာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ လေယာဉ်ကို ပထမအကြိမ်ပစ်ခတ်တယ်လို့ပြောလို့ရတယ်။သူတို့ သုံးတာဂျက်ဖိုက်တာအမျိုးအစားဖြစ်တယ်၊ကျနော်တို့ သတင်းရရှိတဲ့အပေါ်မှာ သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့က နယ်မြေခံတွေတွေ့ရှိချက်ကတော့ တောင်ပံအထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် မောတောင်လမ်းပိုင်းထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်လာရာ သိန်ခွန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးရှေ့မတိုးနိုင်သည့် အခြေအနေတွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်သည်။

“စစ်ကြောင်းဝင်ထိုးနိုင်ဖို့ လေယာဉ်ကို အသုံးပြုတယ်။ပြီးတော့သူတို့ဒရုန်းအသုံးပြုတယ်။ အဓိကတော့ နယ်စပ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ တအားသုံးလာတာပေါ့။” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သို့​သော်တော်လှန်ရေးပူးပေါင်းတပ်များကစစ်ကောင်စီ မထိုးဖောက်နိုင်ရေးခုခံလျက်ရှိဟု အသိပေးသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တော်လှန်​​ရေးတပ်များကစစ်အုပ်စု၏ တိုက်​လေယာဥ်နှင့် ရဟတ်ယာဥ်များကို ​ပစ်ခတ်တိုက်ခိုက်ရာ ပစ်ချခံခဲ့ရသော ၊ပျက်စီး​ခဲ့သော စစ်လေယာဉ်(၁၀) စီး နှင့် ရဟတ်ယာဉ် (၁၀)စီးစုစု​ပေါင်းအစီး၂၀ ရှိ​ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စုက တဖက်သတ်ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအပေါ် ကရင် အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင် ခရိုင်၊တပ်မဟာ(၃)က ယနေ့ (စက်တင်ဘာ၁၁ရင်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ KNU ဗဟို၏ လမ်းညွှန်မှုအတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်၍ ရွေးကောက်ပွဲ အားပေးကူညီသူများကို အရေးယူမည်ဟု ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စစ်အုပ်စု၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNUက ယနေ့ စက်တင်ဘာ ၉ရက်တွင် ကျရောက်သည့်(၃၄)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။