close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူ၂ဦး ထပ်မံသေဆုံး၊ အမျိုးသမီး ၁ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၀ရက်ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ − Naw Tu Awng

စက်တင်ဘာ−၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၀ရက်ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေ၍ အရပ်သား ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

“ဖားကန့်မြို့နယ် ဆိုင်းတောင် အုပ်စု ရပ်ကွက်(၃)မှာမနေ့ညက ၁၁ခွဲလောက်မှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ပျက်စီးပြီးမှ အမျိုးသမီးတဦး ပေါင်မှာ ဒဏ်ရာထိခိုက်မှု ပြင်းထန်တယ်။ တိုက်ပွဲမရှိဘဲ ရမ်းပစ်တာ” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၉ရက် မနက်ကလည်း ဖားကန့်ဒေသ မရှိကထောင်ဘက်၌ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲ၍ ဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့တွင် သတင်းဖော်ပြသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်ကို လက်နက်ကြီး ရမ်းပစ်ခြင်းနှင့် လေကြောင်း ဗုံးကြဲခြင်းဆက်တိုက်လုပ်နေ၍ ပြည်သူလူထုသေဆုံးထိခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက်ရှိဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ထို့ပြင် ပြည်သူများ စစ်ဘေးရှောင်နေကြရသည်ဟု ဆိုသည်။

တိုက်ပွဲများ ဆက်ရှိနေပြီး စစ်ကောင်စီတပ်က ဖားကန့်ဒေသကို အင်အားဖြည့်တင်းနေသည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အတွင်းကို ယနေ့ နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။