close
Connect with us

Hi, what are you looking for?

သတင်း

ကုလ၌ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေး အမေရိကန်ရောက်မြန်မာများ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါချီတက်ဆန္ဒပြပွဲကို “ Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ကြသည်။

ထို့နောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ၀န်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမိုးဇော်ဦးတို့က ဟောပြောခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ကုလတွင် မြန်မာပြည်သူများကိုယ်စားပြု သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အုပ်စုအား နိုင်ငံတကာက ကျဉ်ဖယ်ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ဝိုင်းဝန်ကူညီ ပေးကြရန်လည်း တောင်းဆိုခဲ့ကြသည်။

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ ချီတက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်အပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက်က အသီးသီး ဆန္ဒပြခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်းနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေမှာ အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို တလွဲ အသုံးချနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်ကို ထိုင်ဝမ်က မိတ်ဆက် ပြသခဲ့ပါတယ်။