close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ကျီစုရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လူထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျီစုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကျီစုရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စက်တင်ဘာ-၂၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျီစုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၁နာရီခွဲဝန်းကျင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၇ရက်ကလည်း ဇီးကုန်းမြို့ရဲစခန်းကို သိမ်းပိုက်ခံရပြီးနောက် ကျွန်းစုရွာကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ဘာတိုက်ပွဲမှမရှိဘူး။ဇီးကုန်းကို တိုက်ခံရလို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး သူတို့လုပ်နေကြအတိုင်းပေါ့” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၅၅နှစ်အရွယ် ဒေါ်သန်းအေး သေဆုံးခဲ့ပြီး အရပ်သား ၁၇ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်နှစ်လုံးနဲ့ စာသင်ဆောင်များ ပျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။

“ ဖိုက်တာပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ၊ပထမတစ်လုံးချတာက မနက် ၁ နာရီ ၂၅ မိနစ်၊နောက်တစ်လုံးက ၁ နာရီ ၂၈ မိနစ်၊ကံကောင်းတာက ပထမတစ်လုံးကျတာ လူသိပ်မရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း (မြောက်) ကျောင်းကြား၊နောက်တစ်လုံးက ဘုန်းကြီးကျောင်း (တောင်)ကျောင်းနဲ့ လူနေအိမ်ကြားကျတာမို့ သေဆုံးနည်းတာဗျ၊ဟိုလိုဆို မလွယ်လောက်ဘူး။ ဒေါ်သန်းအေးကတော့ ကံဆိုးသွားတာပေါ့ဗျာ၊ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၁၇ ယောက်မှာ ၅ ယောက်ကထိခိုက်မှုပြင်းထန်တယ်၊အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ ကျီစုရွာခံတစ်ဦးက ပြောပါတယ်။

ကျီစုရွာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် အရင်ကလည်း တရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူအဖွဲ့ရဲ့ စာရင်းတွေအရ အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိတဲ့ ကျီစုရွာကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ၇ လပိုင်းနဲ့ ၁၁ လပိုင်းတို့မှာ နှစ်ကြိမ်တိုင် စစ်ကြောင်းထိုးမီးရှို့ထားတယ်လို့ ဖော်ပြပါတယ်။

အိမ်ခြေ (၇၀၀)ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး တစ်ရွာလုံးနီးပါး အိုးအိမ်မဲ့ကာ စစ်ဘေးရှောင်ခဲ့ရပြီး ယမန်နှစ်က တနိုင်တပိုင် အိမ်များဆောက်ပြီး ကျေးရွာအတွင်း ပြန်လည်နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ဇီးကုန်းရဲစခန်းအသိမ်းခံရပြီးနောက် ပြည်သူတွေကို ပစ်မှတ်ထားဖမ်း​ဆီးတာ ၊နယ်မြေရှင်းလင်းတာတွေကို စစ်ကောင်စီက အင်တိုက်အားတိုက် ပြုလုပ်လာနိုင်တာကြောင့် စစ်ရေးသတင်းတွေ နားစွင့်ပြီး သတိထားသွားလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏လေယာဥ်အသုံးပြုမှုများကို သတင်းပေးပို့ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက တိုက် တွန်းသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့−ရေဦးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

Facebook