စက်တင်ဘာ-၁၈၊၂၀၂၅။မိထက်/People’s Spring
ဘားအံမြို့မှာ ဒီကနေ့ညနေပိုင်းကအသိစိတ်ကင်းမဲ့နေတဲ့ လူငယ်တစ်ဦးဟာ ပေ ၃၀ ကျော်မြင့်တဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်တက်နေလို့ဒေသခံတွေနဲ့လူမှုကူညီအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ခဲ့ကြရပါတယ်။
အဲ့ဒီလူငယ်ဟာ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။အနီးဝန်းကျင်ကပြည်သူတွေက ကြော်ငြာဆိုင်းဘုတ်ပေါ်ကို တက်သွားတာကိုမသိလိုက်ရဘဲ အပေါ်ရောက်မှသိတာလို့ ၎င်းက ဆိုပါတယ်။
“ လမ်းမကြီးဘေးမှာ ပွဲစည်သွားတယ်။ သားဇောနဲ့ အမေလည်း ပြာယာခပ်နေတာပဲ” လို့မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
အပေါ်ပိုင်း ဗလာကျင်နဲ့ ဘောင်ဘီရှည်သာဝတ်ထားတဲ့အဲဒီလူငယ်ကို ခုန်မချဖို့ သူ့မိခင်ကလည်း ကြော်ငြာ ဆိုင်းဘုတ်အောက်ကနေ ငိုယိုပြီးအော် ပြောနေခဲ့ပါတယ်။
အကယ်၍ခုန်ချခဲ့ရင်အသက်မသေဆုံးဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးပမ်းခဲ့ကြတာတွေ့ရပါတယ်။အောက်ကိုခုန်ချတာ ၊ပြုတ်ကျတာဖြစ်ရင် အသက်မသေအောင် ပျော့အိတဲ့ အရာတွေအောက်မှာထားပေးသလိုကရိန်းနဲ့ လူငယ်နားသွားပြီးခေါ်ယူဖို့အတွက်အတွက် ကြိုးစားခဲ့ကြပါတယ်။
အဲဒီလိုဝိုင်းကြိုးစားနေကြချိန်မှာပဲ လူငယ်ကခုန်ချခဲ့ပါတယ်။ ဒါပေမယ့် အောက်ကဖမ်းယူဖို့ စောင့်နေတဲ့ ပျော့အိအိအပေါ်ကျပေမယ့် အမြင့်ကခုန်ချတဲ့အရှိန် ၊ ပျော့အိအိအောက်မှာကတ္တရာကားလမ်းမျက်နှာပြင်အမာရှိတာကြောင့် ဒဏ်ရာရသွားတဲ့ပုံစံကိုတော့ အနားကပြည်သူတွေရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။
ဒဏ်ရာ ပြင်းထန်မှု ရှိ ၊မရှိမသိရသေးပဲ လက်ရှိမှာ ဘားအံ ဆေးရုံကိုပို့ထားတယ်လို့ ကယ်ဆယ် ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
