စက်တင်ဘာ-၁၈၊၂၀၂၅။People’s Spring
နယ်စပ်တလျှောက် မြန်မာဖက်ခြမ်းကမြေရှားသတ္တုအလုံးအရင်းတူးဖော်မှုတွေကြောင့်ထိုင်းနိုင်ငံဖက်ကမြစ်တွေကိုညစ်ညမ်းစေပြီးသဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ပြီးတော့ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေအရလည်း အဲဒီသတ္တု တူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကိုအကြီးအကျယ်ထိခိုက်စေတယ်ဆိုတာ အခိုင်အမာ ညွှန်ပြနေတယ်လို့ ဆိုပါတယ်။ ထိုင်းမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရော၊ပညာရှင်တွေကပါမြန်မာဖက်ခြမ်းက သတ္တုတူးဖော်မှုတွေကြောင့်ထိုင်းမှာရေအရင်း
အမြစ်တွေ ညစ်နွမ်းကုန်တဲ့ ပြဿနာကို ထိထိရောက်ရောက် တုံ့ပြန် ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။

Public Service Announcement
ထိုင်းရဲ့ The Nation သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာတော့ မြန်မာနိုင်ငံ မြောက်ဖျားက ကချင်ပြည်နယ်ရော၊ထိုင်းနဲ့ ထိစပ်ရာရှမ်းပြည်
နယ်ထဲမှာပါ မြေရှားသတ္တု အလုံးအရင်း တူးဖော်မှုတွေ ရှိနေပြီး မဲခေါင်မြစ်ဝှမ်း အထက်ပိုင်းမှာ ဆိုးရွားတဲ့ ညစ်နွမ်းမှုတွေ ကြုံတွေ့စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်အမျိုးသားအာကာသအေဂျင်စီ(နာဆာ)ရဲ့ဓာတ်ပုံတွေမှာဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်း ဧရိယာတွေမှာ န နှစ်လောက်အတွင်း သတ္တုတူးဖော်ရေး ဇုန်နေရာ ၆၀ လောက် အလျှိုလျှို မှတ်တမ်းတင်တွေ့ရှိခဲ့ပြီး အဲဒီထဲက ၃ ခုက အကြီးစား မိုင်းတွင်းတွေ ဖြစ်ကြပါတယ်။
နိုင်ငံတကာ မြစ်များအဖွဲ့ရဲ့အရှေ့တောင်အာရှပရိုဂရမ် ဒါရိုက်တာ ပီယန်ပွန် ဒီးတက်စ်ကတော့မြေရှားသတ္တုတွေကို တူးဖော်တဲ့ နည်းလမ်းတွေက အရမ်း အပျက်သဘောဆောင်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ NASAရဲ့ ဂြိုဟ်တု ဓာတ်ပုံတွေအရ မိုင်းတွင်း နယ်မြေတွေမှာ တောင်တွေက ကတုံးဖြစ်ကုန်ပြီး အဆိပ်အတောက် ဓာတုပစ္စည်းတွေကို မြေကြီးထဲ ထိုးထည့်ပြီး သတ္တုရိုင်းတွေကို ဖျော်ချတဲ့ နည်းလမ်းမျိုးသုံးနေတယ်ဆိုတာဆန်းစစ်ကြည့်လို့ရကြောင်း၊ ပြီးတော့ဓာတုပျော်ရည်တွေကို ကန်တွေနဲ့ သိုလှောင်ထားပြီး သတ္တုတွေကို မီးမြှိုက်ရယူတာတွေ ရှိနေကြောင်း၊ ဒီနည်းတွေ အားလုံးဟာရေ၊လေ၊မြေထုကိုအကြီးအကျယ် အဆိပ်သင့်ညစ်ညမ်းစေကြောင်းသူကဆိုပါတယ်။
အဲဒီ သတ္တုတူးဖော်မှုတွေကြောင့်သံလွင်မြစ်ဝှမ်းထဲ စီးဝင်နဲ့ နမ့်ခုတ်နဲ့ နမ့်ဆိုင်မြစ်တွေကနေ ပိုပြီး ကျယ်ပြန့်တဲ့ဧရိယာတွေထိပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာစေကြောင်း သိရပါတယ်။
ထိုင်းမီဒီယာတွေကတော့အဲဒီသတ္တုတွင်းတွေဟာ ဝပြည် သွေးစည်းညီညွတ်ရေးတပ်(UWSA)ရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ ရှိနေပြီး တူးဖော်ရေး လုပ်ငန်းတွေကိုလည်းUWSAလက်နက်ကိုင်တွေကအကာအကွယ်ပေးထားတယ်လို့ဖော်ပြခဲ့ပါတယ်။
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF)အဖွဲ့ရဲ့ မေလတုန်းကကြေညာချက်အရသတ္တုမိုင်းတွင်း အနည်းဆုံး နှစ်ခုမှာ တရုတ် ကုမ္ပဏီတွေ လုပ်ငန်း လည်ပတ်နေတယ်လို့ သိရပါတယ်။ အဲဒီ မိုင်းတွင်းတွေဟာ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုအပြီး UWSA အတွက် အဓိက ပင်မ ဝင်ငွေ ရပေါက်ရလမ်းတွေ ဖြစ်လာနေတယ်လို့လည်း ယုံကြည်ရပါတယ်။
ကိုးကား-The Nation
