close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်တောင်ပိုင်း သရက်ကန်ရွာက ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ကျေးရွာက ပြည်သူ့စစ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ TYKပြောက်ကြားတပ်ဖွဲ့- မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁က ထုတ်ပြန်ပါတယ်။

Screenshot

စက်တင်ဘာ-၂၄ ၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ကျေးရွာက ပြည်သူ့စစ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ TYKပြောက်ကြားတပ်ဖွဲ့- မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁က ထုတ်ပြန်ပါတယ်။

မြိုင်မြို့နဲ့ (၁၃)မိုင်ခန့်သာကွာဝေးတဲ့ သရက်ကန်ပျူစောထီးရွာကို ဒီကနေ့(စက်တင်ဘာ ၂၄ရက်) မနက် ၆နာရီဝန်းကျင်က တိုက်ခိုက်ခဲ့မှုမှာ ပျူစောထီးတဦး ဖြစ်စဥ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ သရက်ကန် ရွာရဲ့ မီတာ ၁၀၀နဲ့၁၅၀ ကြားလောက်ရှိတဲ့ ဘန်ကာအနီးကို ကပ်ချိန် ပျူစောထီး တဦး ဘန်ကာရဲ့ရှေ့မှာ ကင်းပတ်ဖို့ ထွက်လာချိန် ကျနော်တို့က ရိုင်ဖယ်နဲ့ စပစ်ခဲ့တာ” လို့ TYK ပြောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် မျိုးနိုင်အေးဆိုသူ ပျူစောထီးကင်းမှူး နေရာတွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်ပြီး သရက်ကန်ရွာဘက်မှ ပြည်သူ့စစ်တွေက ၄၀ မမ ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း TYK ပြောက်ကြားတပ်က ဖော်ပြပါတယ်။

တိုက်ခိုက်မှုမှာ မြိုင်း-ပကဖ တပ်ရင်း ၁-တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ အညာမြေတပ်ပေါင်းစု ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့ နဲ့ နွေဦးညီနောင် တို့ပါဝင်တယ်လို့ သိရပါတယ်။

သရက်ကန်ရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅၀ဝန်းကျင်ရှိနိုင်တယ်လို့ မြိုင်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က အသိပေးပါတယ်။

ပြီးခဲ့တဲ့လကလည်း မကွေးတိုင်း၊မြိုင်မြို့ပေါ် က စစ်ကောင်စီကင်းစခန်းတွေကို ဒေသတွင်း တော် လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ရှိပါတယ်။

စစ်ကောင်စီက မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်း စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။

မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်နေပြီလို့လည်း သိရပါတယ်။

မြိုင်တောင်ပိုင်း သရက်ကန်ရွာက ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စက်တင်ဘာ-၂၄ ၊ ၂၀၂၅။ဇော်ဝင်း/People's…

Posted by People's Spring on Wednesday 24 September 2025

ရုပ်သံ − TYK ပြောက်ကြားတပ်ဖွဲ့

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ လာဟီဆယ်တောင်ကြောတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ဒီကနေ့ (စက်တင်ဘာ ၂၃ရက်)မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်လိုက်တဲ့ဗန်းမောက်မြို့သိမ်းတိုက်ပွဲရဲ့ ပထမဆုံးရုပ်သံဖိုင်ဖေစ်ဘွခ်လူမှုကွန်ယက်မှာ စက်တင်ဘာ ၂၁ ရက်ည​နေပိုင်းမှာစတင်ပျံ့နှံ့လာပါတယ်။