close
Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အထိနာ၊ ယာယီဆုတ်ခွာရတဲ့စခန်းကို KIA ပြန်သိမ်းပိုက်

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ဒီကနေ့ (စက်တင်ဘာ ၂၃ရက်)မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်များ။(ပုံ​ဟောင်းဖြစ်ပါသည်) ဓာတ်ပုံ −Kachinnet

စက်တင်ဘာ−၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ဒီကနေ့ (စက်တင်ဘာ ၂၃ရက်)မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ရက်မှာ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ၅ရက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

လန်ဆယ်ဒေသက လာဟီဆယ်စခန်း မြောက်ဘက်နေရာ ဝင်ရောက်နေရာယူထားတဲ့ စစ်ကောင်စီ ပြည်သူ့စစ်ပူးပေါင်းတပ်ကို စက်တင်ဘာ ၂၃ရက် နေ့လည်မှာ တိုက်ခိုက်ခဲ့ပြီး တောင်ကြောကို ဆက်လက်ရှင်းလင်းနေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း “ ငါတို့ စခန်း ပြန်ရပြီ။ စခတွေ သေတာအများကြီး။ ကာကင်းကုန်းတခုပါ။ စခန်းကြီးတော့ မဟုတ်ဘူး။ အခုတော့ အကုန်ပြရပါပြီ”လို့ လန်ဆယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေ ထိုးစစ်အစမှာ ဝင်ရောက်ထားနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်ဆုတ်ခွာပေးရမှုပေါ် မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဟာ လန်ဆယ် အပါအဝင် KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ကချင်ဒေသက ပြည်သူ့စစ်အင်အားတွေအသုံးပြု ထိုးစစ်ဆင်နေရာ ၀ိုင်းမော်မြို့နယ် လမြန်ဒေသမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ ဆော့လော် မြို့နယ်က လန်ဆယ်ဒေသကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ပြည်သူ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုကို စက်တင်ဘာ ၂၁ရက် ညပိုင်းက စစ်ကောင်စီ ရဲတပ်သားတစ်ဦး ရောက်ရှိလာပြီး ကျောင်းသူတွေကို သေနတ်ထောက်ကာ ဖုန်းနဲ့ပိုက်ဆံတောင်းတဲ့အပြင် မဖွယ်မရာ ပြုလုပ်ခဲ့လို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ကချင်လွတ်လပ် ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ဒီကနေ့ (စက်တင်ဘာ၂၂ရက်) တိုက်ပွဲ ဆက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ဖြင့် တိုက်ခိုက်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook