close
Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် နဲ့ ပူတင်ထပ်မံတွေ့ဆုံ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အာဏာရှင် ၂ ​ယောက်​တွေ့ဆုံစဥ်။ဓါတ်ပုံ-Kremlin

စက်တင်ဘာ-၂၆၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ ကရင်မလင် နန်းတော်မှာ တွေ့ဆုံပြီး သံတမန်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြောင်းရုရှားဖက်ကထုတ်ပြန်ပါတယ်။

World Atomic Week 2025 ဖိုရမ်ရဲ့ ဆက်စပ် အစီအစဉ်အဖြစ်သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာလို့ ရုရှားက ဆိုပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်ကမြန်မာအနေနဲ့ ရုရှားရဲ့ဗလာဒီဗော့စတော့ခ် မြို့ထဲမှာ ကောင်စစ်ဝန်ရုံး အသစ်တစ်ခု မကြာခင် ထပ်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ ပူတင်ကို ပြောကြားခဲ့ပါတယ်။ လောလောဆယ် မော်စကို မြို့တော်မှာ မြန်မာသံရုံး ရှိနေပြီး စိန့်ပီတာစဘာ့ဂ်နဲ့ နိုဗိုဆီဘရစ်ခ် မြို့တွေမှာ မြန်မာ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ထားကြောင်း ရုရှားရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့ကိုပဲ မျှော်ကြည့်ကြည့်၊အနောက်ကိုပဲ မျှော်ကြည့်ကြည့် ရုရှားရဲ့ နယ်မြေတွေဟာ အင်မတန် ကြီးမား ကျယ်ပြန့်ကြောင်း၊ ဒါကြောင့်လည်း နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့အတွက် နောက်ထပ် ကောင်စစ်ဝန်ရုံး အသစ်ဖွင့်ဖို့ စီစဉ်နေတာဖြစ်ကြောင်း မင်းအောင်လှိုင်က ပူတင်ဆီ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နာမည်ဆိုးနဲ့ ကိုယ်စီကျော်ကြားပြီး အနောက် မဟာမိတ်ဒီမိုကရေစီ နိုင်ငံတွေဆီကနေ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်တာ ခံထားရသူ နှစ်ဦးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်လာနေကြောင်း လေ့လာသူတွေက ပြောပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှားတို့နဲ့ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားလာနေသလို အဲဒီနှစ်နိုင်ငံ ပါဝင်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှာ အဖွဲ့ဝင် ဖြစ်လာဖို့လည်း မျှော်မှန်းနေဟန် ရှိပါတယ်။

မင်းအောင်လှိုင်ဟာမော်စကိုမှာဖိုရမ်တက်ရောက်ပြီးရင် နောက်ထပ် SCOအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ကာဇက်စတန်ဆီ ခရီးဆက်ဖို့ စီစဉ်ထားပါတယ်။

ပူတင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ ကာကွယ်ရေးကဏ္ဍအပြင် နျူကလီးယားစွမ်းအင်၊ လျှပ်စစ်၊ ကျန်းမာရေး၊ရေနံနဲ့လောင်စာထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်က ဒီဇင်ဘာလကျရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့် သူ့ရဲ့ အစီအစဉ်ကိုရော၊ နိုင်ငံတကာ လေ့လာသူတွေကိုပါ ဖိတ်ကြားမယ့် သဘောထားကိုပါ ပူတင်ဆီ ထပ်လောင်း အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား-Kremlin

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူလူထုကို အဓမ္မစစ်သားစုဆောင်းနေတဲ့လုပ်ရပ်နဲ့ဟာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားအတွက်အဓမ္မအသုံးချနေတာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟို စစ်ဌာနချုပ်က ဒီကနေ့ စက်တင်ဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိထိရောက်ရောက်သာ မဟန့်တားနိုင်ဘူးဆိုရင် ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲ မစတင်ခင်က ပိုင်နက်နယ်မြေ အားလုံးကို ယူကရိန်း အနေနဲ့ ပြန်ရလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Facebook