စက်တင်ဘာ- ၂၇၊၂၀၂၅။မေရီ/People’s Spring
မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် ဆရာသင့်နော်(ခ)ဦးသန်းဌေးဟာ နေမကောင်းဖြစ်ရာကနေ ကျောက်ကပ်ရောဂါအပါအဝင် အခြားလူကြီးရောဂါတွေကြောင့် ဒီကနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ကြောင်း မန္တလေး စာပေအသိုင်းအဝိုင်းကနေ သိရပါတယ်။
“ နေမကောင်းလို့ စစ်လိုက်တော့ ကျောက်ကပ်ကလည်းမကောင်းတော့ဘူး။တခြားရောဂါတွေကော၊ အစာလည်းမဝင်တော့တာကနေ ဆုံးသွားတာပါ။” လို့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement
ဆရာသင့်နော်ဟာ ၁၉၈၈ အရေးအခင်းကာလကလည်း ခေတ္တဖမ်းဆီးခံရဖူးပါတယ်။ ဆရာဟာ ဥတ္တရလွင်ပြင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့စာအုပ်ဆိုင်ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။
ဆရာသင့်နော်ဟာ မန္တလေးမြို့သမိုင်းကြောင်းနဲ့ စာပေရေးရာမှာ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာရှင်တဦးဖြစ်ကြောင်းစာပေအသိုင်းအဝိုင်းကပြောပါတယ်။
ဆရာသင့်နော် ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တွေအနက် “ အတိတ်၊ လူ၊ ပုံရိပ်နှင့် စာအုပ်များ” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိခဲ့ပါတယ်။
ဆရာသင့်နော်နာရေးကို လာမယ့် စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီမှာ အေးရိပ်ငြိမ်သုဿန်ကို ပို့ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။
