close
Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် သမ္မတအိမ်ဖြူတော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မြန်မာတွေ ​တောင်းဆိုဆန္ဒပြ

အမေရိကန်နိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (စက်တင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - CJ

စက်တင်ဘာ-၂၇၊၂၀၂၅။ သုည/People’s Spring

အမေရိကန်နိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ လက်မခံရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုကို ဒီကနေ့ (စက်တင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြခြင်းကို ဒီကနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံအမတ်နေအိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်ရောက် မြန်မာတွေက “ Free Daw Aung San Su Kyi & All Political Prisoners” ၊ “ Anti Military Dictatorship & Reject The Shame Election” ၊ “ Reject Junta’s Shame Election” ၊ “ Impose No Fly Zone” ၊ “ End Deadly Air Strike in Myanmar” ၊ “ Stop Helping Myanmar Military Coup” ၊ “ Let’s End Military Dictatorship” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးအတွက် ကြွေးကြော်ဆန္ဒပြမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အကိုက်အခဲ ပျောက်ဆေးကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားဟာ အမှန်တရားကိုအပြင်းအထန် ဆန့်ကျင်တာလို့ ဘာရတ် အိုဘားမားက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများစုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကို ယနေ့ (စက်တင်ဘာ ၂၁) ပြုလုပ်ခဲ့သည်။

သတင်း

ဗြိတိန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလ၌ ဆက်လက်ခန့်အပ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးတို့အတွက် စက်တင်ဘာ ၂၀ရက်က အသီးသီး ဆန္ဒပြခဲ့ကြသည်။

Facebook