close
Connect with us

Hi, what are you looking for?

သတင်း

သဲကုန်းမြို့မှာ ရွာမီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဆိုင်ကယ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စက်တင်ဘာ-၂၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ထဲက ရွာတရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုင်ကယ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၉ နာရီခွဲလောက်က သစ်နီတောအုပ်စု၊ ပန်းပင်ကုန်းကျေးရွာ အောင်စည်သာကွက်သစ်ကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်မှ ဆိုင်ကယ် ၁၄ စီးပါယာဥ်တန်းကို ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ(၅)မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ အောင်စည်သာကွက်သစ်ကို မီးဝင်ရှို့တဲ့နေမှာပဲ အပြန်လမ်းမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခုခံခဲ့ပြီး ၎င်းတို့ဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးထက်မနည်းထိခိုက်ဒဏ် ရာရသွားကာ ဆိုင်ကယ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ ရဲဘော်ရှဲဒိုးက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို သဲကုန်းမြို့ဘက်မှနေ၍ ကားဖြင့်လာရောက်သယ်ဆောင်ပြီး ရွှေတောင်မြို့နယ်ကုတင်(၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့ တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ အနေဖြင့် စစ်ရေးအရှိန်မြှင့်လာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီအထိုင်စခန်း၊ စစ်ဆေးရေးဂိတ်စခန်းများကို ရှောင်ကွင်းသွားလာကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က သင်းကျွန်းရွာနဲ့ ရန်တောင်ကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မဒဲ၊ကန်နီ ၊အင်းကုန်းနှင့် မကျည်းစုကျေးရွာမှ ဒေသခံပြည်သူ ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်အနောက်ခြမ်းကကျေးရွာဘက်ကို စစ်ကောင်စီ တပ်စစ်ကြောင်း တကျော့ပြန် ပြန်ဝင်လာပြီးနောက် ရွာတွေကိုမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

Facebook