close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး၊ ဘုံတိုရွာမှာ ဘာဖြစ်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပ​နေစဥ်စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့တာ​ကြောင့်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အ​ထွေ​ထွေသပိတ်ပေါင်းစပ်ညှိနှိုင်း​ရေးအင်အားစု(GSCB)က​ဖော်ပြပါတယ်။

စစ်တပ်ဗုံးကြဲတာ​ကြောင့် ပြည်သူအစုလိုက် အပြုံလိုက်​သေခဲ့တဲ့ ဆီးမီးထွန်းပွဲမှ ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက် ။ ဓါတ်ပုံ-​ဒေသခံ

​အောက်တိုဘာ-၇၊၂၀၂၅။People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပ​နေစဥ်စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့တာ​ကြောင့်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အ​ထွေ​ထွေသပိတ်ပေါင်းစပ်ညှိနှိုင်း​ရေးအင်အားစု(GSCB)က​ဖော်ပြပါတယ်။

အောက်တိုဘာ ၆ ရက်ည ၇ နာရီကျော်နဲ့ည ၁၁ နာရီကျော် အချိန်တွေမှာ စစ်တပ်လေထီး ၂ စီးဟာ နမခ စစ်တပ်ကနေ ပျံသန်းလာပြီး ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ် ဗုံးသီးနှစ်လုံး ကြဲချပြီးလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန် ည ၁၁ နာရီမှာ ထပ်မံလာရောက်ပြီး ဗုံးသီး ၂ လုံး ထပ်ကြဲချခဲ့တယ်လို့​ရုပ်သံမှတ်တမ်းနဲ့ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုံတိုရွာဒေသခံတွေဟာ ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/reel/692408090511604

ရုပ်သံ – GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာသီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ရဲဘော်ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော်တို့ ကျဆုံးခဲ့ပါတယ်။

ဆောင်းပါး

စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

သတင်း

ညတွင်းချင်း နာရေးပြုလုပ်ချိန် စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

သတင်း

သတင်းကျွတ်လပြည့်ကျော်၁ရက်နေ့(အောက်တိုဘာလ ၇ရက်)မနက်အစောပိုင်းမှာ စစ်ကောင်စီကနမ္မတူမြို့ကို လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပြန်ပါတယ်။