close
Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မြစ်ကြီးနားလမ်းမှာ စစ်တပ်က ကထိန်လာခင်းတဲ့လင်မယားကိုဖမ်းပြီး ပစ္စည်းတွေသိမ်းယူ၊ အမျိုးသမီးကို အဓမ္မကျင့်ပြီး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ်ဂိတ်က ကထိန်ခင်းဖို့လာတဲ့လင်မယားကိုဖမ်းပြီး ပစ္စည်းတွေလုယက်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားကြောင်း ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းက ထုတ်ပြန်ပါတယ်။

ရိုက်နှက် နှိပ်စက်ခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားအား ဒဏ်ရာများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်း

အောက်တိုဘာ-၁၇၊ ၂၀၂၅။ ဇေအောင်၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ်ဂိတ်က ကထိန်ခင်းဖို့လာတဲ့လင်မယားကိုဖမ်းပြီး ပစ္စည်းတွေလုယက်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားကြောင်း ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းက ထုတ်ပြန်ပါတယ်။

ရိုက်နှက် နှိပ်စက်ခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားအား ဒဏ်ရာများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်း

မနေ့က အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီခန့်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်က စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းက စစ်အုပ်စုဟာ ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက်ကို ကထိန်ခင်းဖို့သွားတဲ့ ဦးကျော်မျိုးနဲ့ ၎င်းရဲ့ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၎င်းဇနီးမောင်နှံပါလာတဲ့ ဆွဲသီးပါ ရွှေဆွဲကြိုး(၂)ကုံး၊ (၁)ကျပ်သားရွှေအခဲ(၁)ခဲ၊နားကပ်(၁)ရံ ၊လက်ကောက်(၁)ကွင်း စုစုပေါင်း​ ရွှေ(၃)ကျပ်သားနဲ့ ငွေသား(၇)သိန်း၊ဖုန်း(၃)လုံး၊ဆိုင်ကယ်(၁)စီးကို ယူဆောင်ပြီး ဇနီးဖြစ်သူကိုပါအဓမ္မပြုကျင့်ကာ သတ်ဖြတ်လိုက်တယ်လို့ ထွက်ပြေးလာတဲ့ အမျိုးသားဖြစ်သူက ထွက်ဆိုထားကြောင်း ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဲဒီ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းက စစ်အုပ်စုတွေကပဲ ရွှေဘိုကနေ တနိုင်းဘက်ကို တက်လာတဲ့ အံစာတုံးကားတစီးပေါ်ပါ လူငယ်(၉)ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းက ထပ်မံအသိပေးပါတယ်။ စံပါယ်နံ့သာလမ်းဟာ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအထိုင်ဂိတ်ကြောင့် အရင်က တော်လှန်ရေးတပ်တွေက ကွေကွင်းသွားခိုင်းခဲ့တဲ့လမ်းဖြစ်ပြီး စစ်တပ်က ပြီးခဲ့တဲ့လပိုင်းကမှ နယ်မြေ ပြန်ယူကာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့လမ်းဖြစ်ပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

“ ကန့်ဘလူနယ်ဖြတ်မယ်ဆို ဗျူဟာလမ်းအသုံးပြုတဲ့ ခရီးသွားများဂရုစိုက်ကြပါ။ဗျူဟာလမ်း​ကြောမှာ ​ရေကြည်ဦးက​နေ စံပယ်နံ့သာထိ တ​ကြောလုံး ​စစ်ခွေးထိုင်ထားတာမို့ ကား ၁ စီးထဲဖြတ်သန်းသွားလာတာထက် ကားအ​ဖော်များနဲ့ ခရီးဆက်ကြပါ။” လို့ ကန့်ဘလူနယ်မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Infinity Group စာမျက်နှာက သတိပေးပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီ တပ်စခန်းတွေရှိတဲ့ နေရာတွေကို သတိပြုရှောင်ရှားသွားလာကြဖို့ ကန့်ဘလူခရိုင် အမှတ်(၃)PDF တပ်ရင်းက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook