close
Connect with us

Hi, what are you looking for?

သတင်း

ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီ အသေခံဒရုန်းနဲ့ ၆ကြိမ်တိုက်ခိုက်ဟု KIA ပြော

နောက်ဆုံးအကြိမ်တိုက်ခိုက်မှု တရုတ်လင်မယား ၂ဦး ဒဏ်ရာရ

KIA ဌာနချုပ် လိုင်ဇာမြို့အား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့လို့ တရုတ်လင်မယား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

အခု နှစ်အတွင်းမှာ စစ်ကောင်စီက လိုင်ဇာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ၆ကြိမ်ရှိပြီလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၆ရက်ည ၁၁နာရီကျော်က လိုင်ဇာကို စစ်တပ်က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီလို တိုက်ခိုက်ခဲ့လို့ လိုင်ဇာမြို့စည်ပင်သာယာစျေးတန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ တရုတ်လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ လိုင်ဇာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIAနဲ့ တိုက်ပွဲတွေမှာ အထိနာရင် လိုင်ဇာဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်လယ်က စလို့ လိုင်ဇာအနီးက စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ခံရပြီးနောက်မှာ လက်နက်ကြီးထက် ဒရုန်းအသုံးပြု တိုက်ခိုက်တာတာ တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျောင်းသား၊ကျောင်းသူတွေ အသက်သေဆုံးမှုများပြားလာကြောင်း KIA သတင်းပြန်ကြားရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းဖော်ပြထားပါတယ်။

ကချင်ပြည်နယ်အပြင် ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာလည်း စစ်ကောင်စီက စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာ အထိနာ စစ်ရှုံးနေတာကြောင့် လူနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ စျေး စတဲ့ ပြည်သူအများနေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA တို့ဟာ အောက်တိုဘာလအတွင်း ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့် ၊ မချမ်းဘော စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နေရာတွေကိုပါ လေကြောင်း တိုက်ခိုက်တာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

KIA/KPDFနဲ့ PDF ၁၁ဦး စစ်ကောင်စီထံ အလင်းဝင်ဟုလည်း သတင်းအမှားနဲ့ ဝါဒဖြန့်နေဟု KIAရှင်းလင်း

သတင်း

ကချင်ပြည်နယ်၊မချမ်းဘောမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မ တော် (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်၊ပြည်သူ့စစ်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပူးပေါင်းတပ်တွေ အထိနာကာ ထွက်ပြေးသွားတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook