close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကဖမ်းဆီးထားတဲ့ အလုပ်သမားအရေး ​ဆောင်ရွက်သူ ခေါင်း​ဆောင်အချို့ပြန်လွတ်လာ

သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူတွေကို အင်းစိန်ထောင်ကနေ ဒုသမ္မတအမိန့်နဲ့ လက်ရှိ စွဲဆိုထားတဲ့ အမိန့်တွေကို ရုတ်သိမ်းပြီး လွှတ်ပေးလိုက်တယ်လို့ STUM အဖွဲ့က အသိပေးပါတယ်။

ပြန်လွတ်​မြောက်လာတဲ့ ဦးသက်နှင်းအောင် နဲ့ ​ဒေါ်မျိုးမျိုး​အေး ။ဓါတ်ပုံ-STUM ၊MICS-TUsF

အောက်တိုဘာ-၂၀၊၂၀၂၅။တေဇ/People’s Spring

သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူတွေကို အင်းစိန်ထောင်ကနေ ဒုသမ္မတအမိန့်နဲ့ လက်ရှိ စွဲဆိုထားတဲ့ အမိန့်တွေကို ရုတ်သိမ်းပြီး လွှတ်ပေးလိုက်တယ်လို့ STUM အဖွဲ့က အသိပေးပါတယ်။

အောက်တိုဘာ ၂၀ ရက် ညနေ က လွှတ်ပေးလိုက်တာဖြစ်ပြီး STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့အတူ အလုပ်သမားအရေး လှူပ်ရှားသူတွေဖြစ်တဲ့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် နဲ့ မသက်ထားဆွေတို့လည်းပါဝင်တယ်လို့သိရပါတယ်။

STUM အဖွဲ့ကနေ ဖမ်းဆီးထားတဲ့ကျန်အဖွဲ့ဝင်ကိုးဦးတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက၂၀၂၅ ဇူလိုင်၂၅ မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး STUM ရဲ့ဝန်ထမ်းဆယ်ဦးကိုလည်း နောက်ရက်မှာ ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ့နောက် STUM ဝန်ထမ်းတစ်ဦးကို အောက်တို
ဘာ ၃ ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးမှာ အမိန့်ချခဲ့ပေမယ့် အင်းစိန် နဲ့ ရွှေပြည်သာတရားရုံးတွေမှာ အမှုရင်ဆိုင်နေရသူတွေကိုတော့ အမိန့်ချမှတ်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။

ဒေါ်မျိုးမျိုးအေးအပါအဝင် (၁၀)ဦးကို ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ အပြင် အသင်းအဖွဲ့မှတ်
ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ စက်တင်ဘာ ၁၅ ရက်မှာ ထပ်တိုးတရားစွဲဆိုခဲ့တယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။

ဒေါ်မျိုးမျိုးအေးက စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ မှာလည်း ပုဒ်မ ၅၀၅(က)နဲ့ အင်းစိန် ထောင််မှာ ခြောက်လကြာ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)အထွေထွေ အတွင်းရေးမှူးချုပ်
ဦးသက်နှင်းအောင် ပြန်လည်လွတ်မြောက်လာကြောင်း MICS-TUsF-Myanmar က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဦးသက်နှင်းအောင်က ၂၀၂၁ ခုနှစ်ကမြဝတီမြို့မှာ ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် နှစ် နှစ် ချခံရပါတယ်။အဲဒီထောင်ဒဏ် နှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံရပြီး လွတ်ရက်စေ့ခါနီးမှာ စစ်ကောင်စီက အကြမ်း
ဖက်ပုဒ်မ နဲ့ ထပ်တရားစွဲကာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချခဲ့တာပါ။

ဒါ့အပြင်၂၀၂၅ နှစ်ဆန်းက အင်းစိန်ထောင်ကို စစ်ကောင်စီ ရဲ့ လူ့အခွင့်အရေးကော်မရှင်က လာရောက်ချိန်မှာ အကျဉ်းသားတွေရဲ့လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ဦးသက်ထူးအောင်အပါအဝင်အကျဉ်းသားတွေ ရိုက်နှက်ခံခဲ့ရပါသေးတယ်။ အဲဒီ့အချိန်ကဦးသက်နှင်းအောင်ကဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီ့အပြင် ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ပြီး တိုက်ပိတ်တာတွေလည်းခံခဲ့ရဖူးပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီသည် အ လုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ထက်မနည်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ