close
Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘောဒီးယားနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရ

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

က​မ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)​တွေရဲ့ အ​ဆောက်အအုံကို ဒရုန်းဖြင့်ရိုက်ကူးထားစဥ်။ဓါတ်ပုံ-Amnesty International

​အောက်တိုဘာ-၂၈၊၂၀၂၅။လူအေး/People’s Spring

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

​အောက်တိုဘာ ၂၈ ရက်မှာ ထုတ်လွှင့်တဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်မှာNUGအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းအသိပေးခဲ့တာဖြစ်ပါတယ်။

အာဆီယံအဝန်းအဝိုင်းသာမကပဲ ကမ္ဘာ့နိုင်ငံအားလုံးကို ဒုက္ခပေးနေတဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေနဲ့ မြန်မာ့စစ်တပ်ခေါင်းဆောင်တွေ ပတ်သက် ဆက်နွယ်မှုတွေရှိနေတယ်လို့ အသိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

“ တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆိုချက် တွေမှာ စစ်အုပ်စု ရဲ့ ကာကွယ်မှု နဲ့ ခွင့်ပြု ချက်တွေရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေ ကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေ ရဲ့ တစ်စိတ်တစ်ပိုင်း ကို စစ်အုပ်စု ကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အ

ကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က ဒီ ရာဇဝတ် လုပ်ရပ် တွေ ကို ရပ်တန့်ဖို့ စစ်အုပ်စု အပေါ် ယခုထပ်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေဟာကမ္ဘောဒီးယား နိုင်ငံဘက်ခြမ်းကို လိမ်လည်ခံရပြီး လူရောင်းဝယ်ခံရမှု၊ အဓမ္မလုပ်အားပေးစေခိုင်းစေခံရမှု၊လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေမှာ ကျူးလွန်ခံနေရတယ်လို့ အသိပေးသွားပါတယ်။ ကူညီကယ်ဆယ်ပေးဖို့ အတွက်လူကုန်ကူးခံရသူတွေဆီကအကူအညီတောင်းစာတွေကို မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) က ဆက်တိုက် လက်ခံရရှိနေတာကို သိရှိထားပြီး အကူအညီပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အွန်လိုင်းက ခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ပြီးမှအလုပ်သွားလုပ်ကြဖို့နဲ့ကျားဖြန့်နဲပတ်သက်ပြီးအထူးသတိရှိကြဖို့ သတိပေးသွားပါတယ်။

စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့နယ်စပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံက အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုလည်း NUGအစိုးရအနေနဲ့ အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း အမြဲအသင့်ရှိကြောင်း အသိပေးသွားပါတယ်။

ဒါ့အပြင် NUGအနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတွေ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းအချို့ကိုစစ်တပ်က ဝင်ရောက်စီးနင်းသယောင် အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးစစ်တပ်ရဲ့ လှည့်ကွက်ထဲ မဝင်မိကြဖို့ အရေးကြီးတယ်လို့လည်း ဦးနေဘုန်းလတ်က ​ပြောပါတယ်။

နယ်ခြားစောင့်တပ်တွေဟာမြန်မာစစ်တပ်ရဲ့ လက်အောက်ခံတပ်တွေဖြစ်တာကြောင့်အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိနေပြီး နိုင်ငံတကာအနေနဲ့ဒါကိုသိမြင်ဖို့လိုအကြောင်းနဲ့ ဒီအရင်းအမြစ်ကို ဖြတ်နိုင်မှ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေချုပ်ငြိမ်းမှာလို့လည်း အသိပေးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းအချို့ ဝင်ရောက်စီးနင်းသယောင် ဟန်ပြလုပ်ဆောင်မှုကို ကြည့်ပြီး စစ်တပ် လှည့်ကွက်ထဲ မဝင်မိစေဖို့ သတိပေး

သတင်း

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်း​ထွက်​ပြေးနေကြပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook