ဒီဇင်ဘာ-၈၊ ၂၀၂၅ ဇေအောင်/People’s Spring
စစ်ကိုင်းမြို့အထွက်မှာ စစ်ကောင်စီရဲ့ မြို့နယ်မှူးကိုယ်တိုင်ဆင်းပြီး ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ (ဒီဇင်ဘာ ၈ ရက်) မနက် ၉ နာရီခန့်က စစ်ကိုင်းမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းပေါ်၊ ကောင်းမှုတော်ဘုရားအကျော်က ရထားသံလမ်းအကူးမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ မြို့နယ်မှူးကိုယ်တိုင်ဆင်းပြီး ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ မြို့နယ်မှူးကိုယ်တိုင်ဆင်းပြီး ဆွဲနေတာပါ။ပုန်းလျှိုးကွယ်လျှိုးစောင့်နေတာ မဟုတ်ဘူးနော်။ပေါ်တင်ကြီး။ လာသမျှကားကိုယောကျာ်းလေးပါလားလို့မေးတယ်။မပါဘူး မိန်းကလေးတွေချည်းဘဲလို့ပြောတော့ မပါရင်သွားလို့ ဆိုပြီးသွားခိုင်းတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဖြတ်သန်းသွားလာတဲ့ကားတွေပေါ်က အမျိုးသားတွေ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဖမ်းခံရတဲ့အရေအတွက် ကိုတော့ မသိရသေးပါဘူး။
အမျိုးသားလူငယ်တွေပါတဲ့ ကားတွေအနေနဲ့ အချင်းချင်းလှမ်းသတိပေးကြဖို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတံတားအဆင်း၊ စစ်ကိုင်းမြို့အဝင်မှာလည်း စစ်တပ်က မကြာခဏ ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အများစု ဖြတ်သန်းသွားလာတာ နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
















































