close
Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှရွာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲ၊အမျိုးသား ၂ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်၊ကျောက်မြောင်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာမို့ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာအတွင်းကျကာ အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရနေစဉ်။ ဓာတ်ပုဲ - WIN

ဒီဇင်ဘာ-၁၄၊၂၀၂၅၊ရှိန်း/ People’s Spring

ရွှေဘိုမြို့နယ်၊ကျောက်မြောင်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာမို့ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာအတွင်းကျကာ အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ည နေ၆နာရီခွဲမှာ စဉ့်ကူးမြို့ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ကျောက် မြောင်းစစ်တပ်က စဉ့်ကူးမြို့ဘက်ကို ဒရုန်းဗုံးကြဲခဲ့တာလို့ သိရပါတယ်။

အဲဒီဒရုန်းဟာ စဉ့်ကူးမြို့အရှေ့ဘက်က လက် ပန်လှရွာအထိ ရောက်လာပြီး ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုမှာ အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီးတဦးလည်း စိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

“ ဒေသခံ တွေကအကုန်မပြေးကြဘူး။တချို့တွေကကျန်ခဲ့တယ်။တိုက်ပွဲက တောင်ဘက်ဖြစ်ရင် မြောက်ရွာပြေးပေါ့။ခဏခဏဖြစ်နေတာ ပြေးဖို့ကလည်း မလွယ်ဘူးလေ” လို့ ဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။

စစ်ကောင်စီတပ်က စဉ့်ကူးမြိုနယ်ကို စစ်ကြောင်း တွေထိုးနေပြီး လက်ရှိမှာ ထုံးကြီးနဲ့ ရွှေပြည်၊ညောင်ဝန်းကျေးရွာတို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ထားရပါတယ်။

ဆက်စပ်သတင်းများ