close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦး​ဆေးရုံဗုံး ​သေဆုံး၊ဒဏ်ရာရသူ အ​သေးစိပ်အချက်အလက်​တွေကို AA နဲ့ညီ​နောင်သုံး​ဖော်ထုတ်ပြန်

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေရဲ့အ​သေးစိပ်စာရင်းကို အာရက္ခတပ်တော်(AA)အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ-၁၃၊၂၀၂၅။အိမ်သွင်/People’s Spring

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေရဲ့အ​သေးစိပ်စာရင်းကို အာရက္ခတပ်တော်(AA)အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ထုတ်ပြန်လာပါတယ်။

ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်သေဆုံးသူ ၃၃ ဦး၊ဒဏ်ရာရသူ ၇၇ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ အသက်သုံးလအရွယ်မိန်းကလေးငယ်ကအငယ်ဆုံးဖြစ်ပါတယ်။အသက် အကြီးဆုံးက ၇၀ နှစ်ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၆ဦးက စ်ိုးရိမ်ရတဲ့အခြေအနေနဲ့ကုသနေရတယ်လို့သိရပါတယ်။

​သေဆုံးသူ​တွေထဲမှာ အမျိုးသမီး ၁၇ ဦး ၊အမျိုးသား ၁၆ ဦး​ပါဝင်ပါတယ်။စစ်တပ်က ​သေဆုံးသူ​တွေဟာ AA တပ်ဖွဲ့ဝင်​တွေလို့ သတင်းအမှားနဲ့ဝါဒဖြန့်​နေချိန်မှာ AA က​သေဆုံးသူ​တွေရဲ့ အမည် ၊အသက် ၊အလုပ်အကိုင် ၊လိပ်စာ​တွေကိုပါ ၄ ဦးမှအပ ကျန် ၂၉ ဦးကိုအတိကျထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၇၇ ဦးမှာ ၃၆ ဦးကအမျိုးသမီး​တွေဖြစ်ပါတယ် ။ ၄၁ ဦးကအမျိုးသားဖြစ်ပါတယ်။ဒဏ်ရာရသူ​တွေထဲမှာအသက် ၁၅ နှစ်ကအငယ်ဆုံးဖြစ်ပြီး ၆၈ နှစ်ကအကြီးဆုံးပါ။

AA၊ ကိုးကန့်တပ်(TNLA)၊တအာင်းတပ်(TNLA)တို့ပူးပေါင်းထားတဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကလည်း အဆိုပါသတင်းကိုထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦးကို ဗုံးကြဲပြီးတဲ့နောက် ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းနဲ့ပေါက်တောမြို့နယ်ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။

မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီ တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလိုအာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ