close
Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းနဲ့ စလင်းမြို့တွင်းမှာ တော်လှန်ရေးရဲဘော်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

ဒီဇင်ဘာ-၂၃၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းနဲ့ စလင်းမြို့တွင်းမှာ တော်လှန်ရေးရဲဘော်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ – စလင်း ပကဖ

ဒီကနေ့(ဒီဇင်ဘာ ၂၃ရက်) မနက်အစောပိုင်းကစလို့ စလင်းမြို့နယ်က စစ်ကောင်စီတပ် ဂိတ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“ ဆင်ဖြူကျွန်းက စကစ အထိုင်စခန်းရော၊ ဂိတ်တွေကိုပါ ရဲဘော်တွေ ဝင်စီးနေတာ” လို့ စလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မနက် ၁၁နာရီအထိ စလင်းမြို့နယ်ကတိုက်ပွဲအတွင်းကို စစ်ကောင်စီက မကွေးလေတပ်စခန်းကနေ ဂျက်ဖိုက်တာ အပါအဝင် စက်တပ်လေထီးတွေနဲ့ လေကြောင်းပစ်ကူဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

“ တိုက်ပွဲ ဖြစ်နေတာဟုတ်တယ်” လို့ စလင်း ပကဖတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လေကြောင်း၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေ အနီးရွှေ့ ပြောင်းကြဖို့နဲ့ ဦးတည်ရာမဲ့ ပြေးလွှားခြင်းတွေမလုပ်ဖို့ စလင်းမြို့နယ် ပအဖက ဒီကနေ့ မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေးဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်း၊တို့ကိုပါ အဆင်သင့်သယ်ဆောင်ထားရှိဖို့လည်း တိုက်တွန်းထားပါတယ်။

အခုနှစ် ဇူလိုင်က စလင်းမြို့နယ်၊တညောင်တိုက်နယ် ရဲစခန်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ကောင်စီတပ်က အခုနှစ်ဆန်းပိုင်းကတည်းက အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုး​ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပခုက္ကူမြို့အခြေစိုက်တပ်မ (၁၀၁) နဲ့ မကွေးမြို့အခြေစိုက် ခလရ (၂၅၃၊၂၅၄ နှင့်၂၅၅) တပ်ရင်းတွေကို စလင်းမြို့နယ်မှာ အင်အားဖြည့်ထားပါတယ်။

စလင်းမြို့နယ်က မကွေးတိုင်းအနောက်ဘက်ခြမ်းမှာရှိပြီး ဆော၊ဆိပ်ဖြူ၊ချောက်၊ရေနံချောင်း၊ပွင့်ဖြူ နဲ့ စေတုတ္တရာမြို့နယ်တွေနဲ့ ထိစပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် မကွေးတိုင်း၊စလင်းမြို့အဝင်ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook