ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ရောင်နီ/People’s Spring
ရန်ကုန်မြို့ မှော်ဘီမြို့နယ်မှာ ဆီဘောက်ဆာကားထဲမှာ ဆီဂျိုးရှင်းတဲ့ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီလောက်မှာ မှော်ဘီမြို့ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းမှာ ဂါလန် ၇၅၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ကို ဆီဂျိုးရှင်းလင်းရေးလုပ်တဲ့ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်ပြီး သတိမေ့သွားတာကြောင့် သွားရောက်ကူညီခဲ့တာလို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။
သတိမေ့နေတဲ့ အမျိုးသားနှစ်ဦးက ည ၇ နာရီလောက်မှာ သေဆုံးသွားတာကြောင့်မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံကို မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

















































