close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား စစ်တပ်ရဟတ်ယာဉ် ပျက်ကျပြီး ၂ ဦးသေ

တောင်ကိုရီးယား နိုင်ငံမှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး အမှုထမ်း ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တောင်ကိုရီးယား နိုင်ငံမှာ စစ်ဘက် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး အမှုထမ်း ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ – Reuters

AH-1S Cobra အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့တုန်းက လေ့ကျင့် ပျံသန်းနေရင်း နိုင်ငံမြောက်ပိုင်းက ဂါပြောင်းဒေသမှာ ပျက်ကျခဲ့တာလို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရဟတ်ယာဉ်ပေါ် ပါသွားသူ နှစ်ဦးစလုံး သေဆုံးခဲ့ရတဲ့ ပျက်ကျမှုရဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာတော့ ကျောက်တုံးတွေ ထူထပ်တဲ့ ရေစပ်တစ်နေရာနားမှာ ပျက်ကျထားတဲ့ ရဟတ်ယာဉ် ကိုယ်ထည်ကို အဝတ်စတွေနဲ့ ဖုံးကာထားတာ တွေ့ခဲ့ရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရဟတ်ယာဉ်ပေါ် ပါလာသူ နှစ်ဦးကို ဆေးရုံဆီ အမြန်ဆုံး တင်ပို့ခဲ့ပေမယ့်လည်း အသက်မမီခဲ့ဘူးလို့ သိရပါတယ်။ ဒီဖြစ်စဉ် အပြီးမှာတော့ တောင်ကိုရီးယား စစ်တပ်ဟာ AH-1S ရဟတ်ယာဉ် အားလုံး ပျံသန်းခွင့်ကို ယာယီ ဆိုင်းငံ့ထားပြီး လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ဟာ အင်ဂျင်ကို မပိတ်ဘဲ အရေးပေါ် ဆင်းသက်မှု အပါအဝင် လေ့ကျင့်ရေး အစီအစဉ် တချို့အတွက် ပျံသန်းရင်း ပျက်ကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

AH-1တွေကို အမေရိကန် ကုမ္ပဏီ Bell Helicopterက ထုတ်လုပ်ပြီး AH-1S မျိုးကွဲတွေကို ဂျပန် ပြည်စောင့်တပ်ရဲ့ ကြည်းတပ်နဲ့ တောင်ကိုရီးယား ကြည်းတပ်တွေမှာ အသုံးပြုနေပါတယ်။ အမေရိကန်ကတော့ AH-1တွေကို ၂၀၀၁ ခုနှစ်မှာ အနားပေးခဲ့ပြီး ပိုမိုခေတ်မီပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ AH-64 Apache ရဟတ်ယာဉ်တွေနဲ့ အစားထိုးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးဟာ အဂတိမှုအတွက် ထောင်ဒဏ် လပေါင်း ၂၀ ချမှတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

သတင်း

မဟာမိတ် တောင်ကိုရီးယား နိုင်ငံအပေါ် သွင်းကုန်အခွန်တွေ ၁၅ ကနေ ၂၅ ရာခိုင်နှုန်းထိ တိုးမြှင့် စည်းကြပ်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ယွန်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ရပ်စဲပြီး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေက ညတွင်းချင်း လူစုပြီး အစိုးရ အမိန့်ကို...

သတင်း

စစ်ကောင်စီရွေးကောက်ပွဲလုပ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၂၈)မှာ ကိုရီးယားနိုင်ငံရောက်မြန်မာတွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။