close
Connect with us

Hi, what are you looking for?

သတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ တိုက်ပွဲဝင်သွားမယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၁ဖွဲ့ စုပေါင်းကြေညာ

မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ အမိန့်နာခံမှုနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၁ ဖွဲ့က ဧပြီ ၁၈ရက်မှာ စုပေါင်းကြေညာခဲ့ပါတယ်။

ပခုက္ကူခရိုင် Localတပ်ရင်း(၁)ရဲ့ အပတ်စဥ် (၁)သင်တန်းဆင်းပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - Earthquake People’s Defence Force

ဧပြီ-၂၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ အမိန့်နာခံမှုနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၁ ဖွဲ့က ဧပြီ ၁၈ရက်မှာ စုပေါင်းကြေညာခဲ့ပါတယ်။

ယူနစ်အစိုးရနဲ့လက်တွဲပြီး မကွေးတိုင်းအတွင်းမှာရှိတဲ့ ပြည်သူလူထုအတွက်ကောင်းမွန်ပြီး တိကျသေချာတဲ့ တပ်တစ်ခုဖြစ်ဖို့ ပထမခြေလှမ်းလို့ ဆိုပါတယ်။

” တပ်တွေတစုတစည်းထဲဖြစ်ရင်တော့ တော်လှန်ရေးအရွေ့ကမြန်မယ်” လို့ ကာကွယ်ရေးအဖွဲ့ ၂၁ခုထဲမှာပါတဲ့ Earth Quake People’s Defence Forceရဲ့ ရုံးအဖွဲ့မှူး ကိုဆက်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ကြေညာချက်ကို ကြိုဆိုတယ်လို့ ၂၀၂၅ ဒီဇင်ဘာ ၂၆ရက်က မကွေးယူနစ်အစိုးရဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒေါ်တာရဲထွန်းဇော်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

“ အမျိုးသားညီညွတ်ရေးအစိုးရ၊မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးအင်အားစုအသီးသီးနဲ့မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့တသားတည်း အတူလက်တွဲချီတက်မှုမှသည်တော်လှန်ရေးအောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုအမြန်ဆုံး တည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်” လို့ ဒေါက်တာရဲထွန်းဇော်က ရေးသားထားပါတယ်။

“ မကွေးယူနစ် အစိုးရဝန်ကြီးကတော့ အခုလိုထုတ်ပြန်ချက်အပေါ်မှာ ကြိုဆိုတယ်ဆိုပြီးပြောကြားထားတာတော့ရှိပါတယ်။တခြားတော့ ပြောပြလို့မရသေးဘူး” လို့ ကိုဆက်ကြီးက ပြောပါတယ်။

မကွေးအစိုးရ လမ်းညွှန်မှုအောက်မှာရှိတဲ့ သန္ဓေအထိုင်တပ်တွေအဖြစ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ပေါက်၊ရေစကြို၊မြိုင်နဲ့ ပခုက္ကူမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ ၂၁ခုက မျှော်လင့်ထားပါတယ်။

ဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဥပဒေအရ ယူနစ်ကာကွယ်ရေးတပ်နဲ့ လုံခြုံရေးတပ်တွေ ဖွဲ့နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ညှိနှိုင်း ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ ၂၁ ခုရဲ့ရပ်တည်မှုနဲ့ပတ်သက်လို့ မကွေးယူနစ်အစိုးရဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဆီက လူထုနွေဦးက သီးခြားမှတ်ချက် ရဖို့ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“ ဒေသကာကွယ်ရေးအဖွဲ့တွေ အခုလို ယူနစ်လက်အောက်စုစည်းတာကောင်းပါတယ်။ဒါပေမယ့်အရေးအကြောင်းဆိုရင် သူ့တပ် ငါ့တပ်လို့တော့ မလုပ်စေချင် ၊ မဖြစ်စေချင်ဘူး” လို့ မကွေးတိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက ပေါက်နဲ့ မြိုင်မြို့နယ်မှာရှိတဲ့ ရေနံလုပ်ကွက်တွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တပ်မတော်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြားမှာ တင်းမာမှုအချို့ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရေနံတွင်းတွေ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရကြား နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းမှုတွေရှိနေဆဲလို့ သိရပါတယ်။

နယ်မြေစိုးမိုးမှုပေါ်မူတည်ပြီး ဒေသန္တရအုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာစေဖို့ တိုင်းနဲ့ ပြည်နယ်အလိုက် အရပ်သားအခြေခံကြားကာလအုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ယူနစ်အစိုးရတွေကို စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာလည်းဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Trending

Facebook