close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းမရွာကထွက်​ပြေးစစ်သားများကို ULF ကြားဖြတ်တိုက်ခိုက် ၃ ဦးကိုလက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

ကနီမြို့နယ်၊ချောင်းမကျေးရွာမှဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၃ဦးဖမ်းမိပြီး သေနတ်၃လက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့​ကြောင်းဒေသခံ​တော်လှန်​ရေးတပ်​ပေါင်းစု-ULF က သတင်းထုတ်ပြန်သည်။

ဖမ်းမိ​​သော စစ်သုံ့ပန်းသုံးဦး နှင့် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ULF

စက်တင်ဘာ-၁၈၊၂၀၂၅။လူအေး/People’s Spring

ကနီမြို့နယ်၊ချောင်းမကျေးရွာမှဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦးဖမ်းမိပြီး သေနတ်၃လက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့​ကြောင်းဒေသခံ​တော်လှန်​ရေးတပ်​ပေါင်းစု -ULF က သတင်းထုတ်ပြန်သည်။

စစ်သုံ့ပန်းများထပ်မံဖမ်းမိသည်သတင်းကို ULF စစ်ကြောင်းစက်တင်ဘာလ၁၈ရက်ည‌နေ၌ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခြင်းဖြစ်သည်။

ဖမ်းမိ​​သော စစ်သုံ့ပန်းသုံးဦး နှင့် လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ULF

စက်တင်ဘာ ၁၆ ရက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“ ချောင်းမကိုဝင်လာတုန်းကအင်အားတော်တော်များတယ်။တိုက်ပွဲမှာသေတာတွေလည်းများတယ်။ထွက်ပြေးနေတဲ့သူတွေလည်းရှိလို့လိုက်ရှင်းနေတာ။ ကျနော်တို့ထပ်ကြားရသလောက် ချောင်းမကိုပြန်ပြီးစစ်ကြောင်းထိုးမယ်လို့လည်းသိထားတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းများသည် မုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း စက်တင်ဘာလဆန်းမှစတင်၍ ကနီမြို့နယ်သို့ဝင်ရောက်လာပြီး ချောင်းမရွာအပါအဝင် ရွာအချို့မှနေအိမ်များကိုမီးရှို့နေ၍ ​တော်လှန်​ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြသည်။ စက်တင်ဘာလ ၁၁ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်၌ထိခိုက်သေဆုံးမှုအလွန်များပြားခဲ့ပြီး စစ်ကြောင်းများပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။သို့​သော်အဆိုပါတိုက်ပွဲ၌ အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနှင့် ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့သည်။

ချောင်းမရွာမှ ထွက်ပြေးသွားသော စစ်တပ်စစ်​ကြောင်ယသည် ယင်းမာပင်မြို့နယ်၊ တရော်ချင်းရွာကို ခြေကုပ်ယူထားပြီး ကနီ-ယင်းမာပင်မြို့နယ်စပ်ကွေ့ချောင်းရွာ၌ လက်နက်ကြီးတပ်ဆင်နေကြောင်း သတင်းရရှိသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့်ချောင်းမရွာတွင်း၌ မြေမြုပ်မိုင်းများရှိနေနိုင်၍ ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ခြင်းမပြုကြရန်လည်ယ ကာကွယ်ရေးတပ်များကသတိပေးထားသည်။

စစ်ကောင်စီတပ်သည်စက်တင်ဘာလ ၁၆ရက်ကလည်း ချောင်းမရွာကို စစ်ကောင်စီကပါရာမော်တာဖြင့် ဗုံးကြဲခဲ့သည်။သို့သော် ထိခိုက်မှုမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထပ်ထိုးဖို့ ကြိုးစားနေပြီး ကွေ့ချောင်းရွာမှာ လက်နက်ကြီးတပ်ဆင်နေသလို မြေပြင်စစ်ကြောင်းလည်း နဘူးတောရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

သတင်း

ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကနီမြို့နယ် ၊ ချောင်းမရွာတိုက်ပွဲမှာ အင်အား (၁၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာစစ်သား (၃) ဦး သေဆုံးပြီးစစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရရှိခဲ့သလို ​သေနတ် ၇ လက် ၊ဂျမ်ပါ နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

Facebook