Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနိုင်းရှိ ရွှေမှော်အချို့အား စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ ၀င်ရောက်စီးနင်းပြီး စက်ယန္တရားများကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်မှ တိုင်းစစ်ဌာနချုပ် အမိန့်ဟုဆိုကာ ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ကျော်နှင့် တဲအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Kachin Net's Post
ဓာတ်ပုံ - The Kachin Net's Post

▪️KIAက ပြည်သူ့စစ်နယ်မြေရှိ ရွှေမှော်များ ပိတ်သိမ်းခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်ဟု ဒေသခံပြော

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်အချို့အား စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး လုပ်ငန်းရှင်များ၏ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ တိုင်းစစ်ဌာနချုပ် အမိန့်ဟုဆိုကာ ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ကျော်နှင့် တဲအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Kachin Net's Post
ဓာတ်ပုံ – The Kachin Net’s Post

ဇန်နဝါရီ ၁၄ရက်လည်း တနိုင်းလဘူချောင်းနှင့် ပယင်းမှော်တွင် စစ်ကောင်စီတပ်နှင့် ဝါရာဇွပ် ပြည်သူ့စစ်တပ်တို့ ပူးပေါင်းကာ လူအင်အား ၁၀၀ ကျော်ဖြင့် ရွှေမှော်ရှိ စက်ပစ္စည်းများကို ဖမ်းဆီးခြင်း တဲအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်မှ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လုပ်ငန်းရှင်များထံမှ ပိုက်ဆံများ တောင်းခံမှုများ ရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့ ဖမ်းနေတာ ၄ရက်လောက်ရှိပြီ စစ်တပ်နဲ့ ပြည်သူ့စစ်က။ နမ်ဗျူ ၊ လဘူခ ရွှေမှော၊ ပယင်းမှော်ပေါ့။ ပယင်းရော ရွှေရော ထွက်တဲ့နေရာ။ အဲဒီဘက်မှာ လမ်းတွေ ဘက်ဟိုးနဲ့ တူးထားပြီးတော့မှ။ အရင်က နမ်ဗျူရင်း ၁၄တပ်ဟောင်းနေရာရဲ့ ဟိုဘက်ကမ်းပေါ့ လဘူခ မှော်ဆိုတာ။ မီးရှို့ရင်လည်း ရှို့မှာပေါ့။ သူတို့က။ မီးရှို့တာ မရှို့တာတော့ ကျနော်တော့ သေချာမသိဘူး ဖမ်းတယ်ဆိုတာတော့ ဟုတ်တယ်”ဟု ဒေသခံက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် KIAက စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေမှ ရွှေမှော်များကို ဇန်နဝါရီ ၁၄ရက်နောက်ဆုံးထားပိတ်သိမ်းရန် စာထုတ်သည့်အပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံက သုံးသပ်သည်။

“အဲဒါကို တန်ပြန်တဲ့သဘောအနေနဲ့ လဘူခ မှော် ပယင်းမှော်တို့ ရွှေမှော်တို့ကို ပြန်ပိတ် ဖမ်းတယ် လမ်းတွေ တူးပစ်လိုက်တယ် သူတို့က။ အင်အားသုံးပြီး တန်ပြန်စစ်ပေါ့”ဟု ဒေသခံက ပြော သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

သတင်း

"စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။"ဟု Wetlet Information Network အဖွဲ့က ပြောသည်။

ဆောင်းပါး

ခရစ္စယာန်ဘာသာဝင်များအဖို့ တနဂ်နွေနေ့တိုင်းသည် ထူးမြတ်သည်ချည်းပင်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ရှစ်ရက်၊ လပြည့်၊ လကွယ်ရက်များကဲ့သို့ ဘုရားသွား ကျောင်းတက်ပြုကြသည့် နေ့ဖြစ်၏။ အလားတူ ထိုနေ့လေးသည် အစ္စလာမ်ဘာသာဝင်များ အလာရှေ့မှောက် အရောက်သွားတတ်ကြသော သောကြာနေ့ကဲ့သို့ပင် နေ့မြတ်မဟာလည်း ဖြစ်သည်။ သို့သော် ယခုတစ်ပတ် တနဂ်နွေသည် ခရစ္စယာန်ဘာသာဝင်များအား ကောင်းချီးမဂ်လာများ ဆောင်ကျဥ်း...

သတင်း

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။