Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ်မြို့နယ် နယ်မြေရဲစခန်း ရေးပြောက်ကျားတပ် တိုက်ခိုက်

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)
(YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - YGF)

စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဟုဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာ အခြေစိုက်နယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦးသေဆုံးကြောင်း YGF – ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ယန့(ဇန်နဝါရီ ၁၈ရက်) နံနက် ၆နာရီခွဲခန့်တွင် အင်အား ၁၀ဦးခန့်ရှိ အဆိုပါရဲစခန်းကို YGF- ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မိနစ် ၂၀ခန့်​ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ချိန်အကန့်အသတ်ကြောင့် စခန်းအား သိမ်းယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲတွင် ရဲသုံဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း မြေပြင်သတင်းအရ YGF က ကိုးကားသည်။

“မနက်မိုးလင်းကတည်းက ပစ်ခတ်သံတွေကြားရတော့ ပြေးကြရတာ။လက်နက်ကြီးပေါက်ကွဲသံက မြေကြီးပါတုန်တယ်။ ရဲသုံးဦး ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်”ဟု ထင်းရှုးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်တွင် ရဲဘော်များအားလုံး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

You May Also Like

မေးမြန်းခန်း

စစ်ကောင်စီသည် ကသာမြို့နယ် မိုးတားရွာကို ဇန်နဝါရီ ၁၈ရက်ညနေကလေကြောင်းမှ ဗုံးကြဲခဲ့သည်။ရွာအတွင်း တိုက်ပွဲလုံးဝ မဖြစ်ဘဲ အလှူတစ်ခုလုပ်ျနချိန်တွင် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။ ရွာအတွင်း​လေ​ကြောင်းမှ ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။မိုးတားကျေးရွာဗုံးကျဲခံရမှုကို ကိုယ်တိုင်ကြုံခဲ့​သောဒေသခံတစ်ဦးအား People's Spring က ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

သတင်း

ရေဦးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင်၊ တပ်ရင်း(၁၄) ရဲဘော် များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည့်သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။