Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု
ဂျပန်နားမှာ တရုတ်နဲ့ ရုရှား ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ်လို့ အတည်ပြု

ဂျပန်နိုင်ငံနဲ့ သိပ်မဝေးလှတဲ့ အရှေ့တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းပြီး ရေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ဒီဇင်ဘာ ၂၁ ရက်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား တင်းမာမှုတွေ ရှိနေရာ ရေပြင်မှာ တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် စတင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ ရေတပ်ချင်း ပူးပေါင်းပြီး ဝေဟင် ပစ်မှတ်တွေကို ဒုံးကျည်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာမျိုး ပြုလုပ်သွားမှာ ဖြစ်သလို ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးတွေကိုလည်း လက်နက် အစစ်တွေ အသုံးပြုပြီး လက်တွေ့ ပြုလုပ်သွားမယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Maritime Cooperation 2022လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ ပစိဖိတ် ရေတပ်မကြီးရဲ့ အလံတင် ရေယာဉ်ဖြစ်တဲ့ ခရုစ်ဒုံးကျည်တပ် ဖရီးဂိတ် စစ်သင်္ဘော Varyagနဲ့ တခြား အပေါ့စား တိုက်သင်္ဘောနှစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။ တရုတ် ရေတပ်ကလည်း ဖျက်သင်္ဘောနှစ်စီး၊ ကင်းလှည့်ရေယာဉ်နှစ်စီး၊ ဘက်စုံသုံး ထောက်ပံ့ရေး ရေယာဉ်တစ်စီးနဲ့ ဒီဇယ်အင်ဂျင်တပ် ရေငုပ်သင်္ဘောတစ်စီး စေလွှတ်သွားမှာပါ။ နောက်ပြီး တရုတ်ရဲ့ လေယာဉ်တချို့လည်း အဲဒီလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းကတည်းက တောက်လျှောက် ဆွဲကိုင်လာတဲ့ စစ်အင်အား အလုံးအရင်း တည်ဆောက်ရေး မူဝါဒကို စွန့်လွှတ်ပြီး ကာကွယ်ရေးဘတ်ဂျတ် အလုံးအရင်း အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အခုလို ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်မျိုးကို တွေ့မြင်လာရတာပါ။ တရုတ်ရော၊ ရုရှားပါ ဂျပန်နဲ့ ရေပိုင်နက် အငြင်းပွားမှု အပါအဝင် ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေကြပါတယ်။

You May Also Like

နိုင်ငံတကာ

JF-17 တွေဟာ မျိုးကွဲတွေအပေါ် မူတည်ပြီး တစ်စီးကို ဒေါ်လာ ၁၅ သန်းနဲ့ ၂၅ သန်းကြား ကျသင့်ပါတယ်။

ဗီဒီယို

လတ်တလောမှာတော့ သင်္ဘော တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ထိုင်းရေတပ် စစ်သင်္ဘော သုံးစီးနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

စင်ကာပူဟာ ပထမဆုံး Invincible အဆင့် သတ်မှတ်ထားတဲ့ ရေငုပ်သင်္ဘောကို ၂၀၁၉ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး အခု တပ်တော်ဝင်တာကတော့ ဒုတိယနဲ့ တတိယမြောက် Invincibleတွေ ဖြစ်ပါတယ်။ စင်ကာပူ ရေတပ်ဟာ Invincibleအဆင့် ရေငုပ်သင်္ဘော ၄ စီးထိ မှာယူထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက်စလုံး ခိုက်ရန်တွေ ဖြစ်ရာက စစ်သားတချို့ ဒဏ်ရာ အနည်းအကျဉ်း ရသွားခဲ့ကြတယ်လို့ သိရပါတယ်။ တရုတ်ဖက်က အခြေအနေကို အတိအကျ မသိရပေမယ့် အိန္ဒိယစစ်သား ၆ ယောက်လောက် ဒဏ်ရာ နည်းနည်း ရခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။