Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား ဂြိုဟ်တု နည်းပညာကို သံသယနဲ့ ဝေဖန်နေတာက ခွေးဟောင်နေသလိုပဲလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့အတွက် နောက်ဆုံးနဲ့ အရေးအကြီးဆုံးအဆင့် စမ်းသပ်မှု တစ်ခုကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။

မြောက်ကိုရီးယား ဂြိုဟ်တု နည်းပညာကို သံသယနဲ့ ဝေဖန်နေတာက ခွေးဟောင်နေသလိုပဲလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော
မြောက်ကိုရီးယား ဂြိုဟ်တု နည်းပညာကို သံသယနဲ့ ဝေဖန်နေတာက ခွေးဟောင်နေသလိုပဲလို့ ကင်မ်ဂျုံအန်းရဲ့ ညီမပြော

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု နည်းပညာအပေါ် သံသယနဲ့ ပြောဆိုနေမှုတွေဟာ ခွေးဟောင်နေတာနဲ့ ဘာမှ မခြားဘူးလို့ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမက ပြောကြားသွားပါတယ်။

ခေါင်းဆောင်ကြီး ကင်မ်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေးမှာ ဩဇာ အထက်မြက်ဆုံး အမျိုးသမီး တစ်ဦးအဖြစ် မှတ်ယူ ခံထားရပါတယ်။ နိုင်ငံရဲ့ စစ်ရေးနဲ့ ဂြိုဟ်တု နည်းပညာတွေကို သံသယ ဝင်သလိုလို၊ ချိုးနှိမ်ချင်သလိုလို အပြောအဆိုတွေဟာ မြောက်ကိုရီးယား အတွက်တော့ ခွေးဟောင်ရုံ အဆင့်ထက် မပိုဘူးလို့ ကင်မ်ယိုဂျောင်က ခက်ခက်ထန်ထန် တုံ့ပြန်သွားခဲ့တာပါ။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စစ်ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့အတွက် နောက်ဆုံးနဲ့ အရေးအကြီးဆုံးအဆင့် စမ်းသပ်မှု တစ်ခုကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။

ဒါပေမဲ့ ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံရဲ့ အရပ်ဖက် သိပ္ပံပညာရှင် တချို့ကတော့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု စမ်းသပ်မှု မှတ်တမ်း ဓာတ်ပုံတွေက ရှိရင်းစွဲထက် ပုံကြီးချဲ့ထားတာတွေ ဖြစ်နိုင်ကြောင်း ဝေဖန် သုံးသပ်တာတွေ ရှိလာပါတယ်။ မြောက်ကိုရီးယားဟာ လာမယ့်နှစ်၊ ဧပြီလမှာ ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်မယ်လို့လည်း ကြွေးကြော်ထားပါတယ်။

ဝေဖန် မေးခွန်းထုတ်မှုတွေနဲ့ ပတ်သက်လို့ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယား သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံနှစ်ပုံလောက်ကိုသာ ကြည့်ပြီး တချို့သူတွေရဲ့ အခြေအမြစ်မရှိ ပရမ်းပတာ ပြောဆိုမှုတွေဟာ တာဝန် ကင်းမဲ့လွန်းကြောင်း၊ တောင်ကိုရီးယားက ကျွမ်းကျင်သူတွေဆိုတဲ့ သူတချို့ရဲ့ စကားတွေက ခွေးဟောင်တဲ့ အဆင့်လောက်သာရှိကြောင်း ရင့်ရင့်သီးသီး တုံ့ပြန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တင်ခဲ့တဲ့ နမူနာ ဂြိုဟ်တုဟာ တစ်ကြိမ်တည်းသာ စမ်းသပ်မှု ဖြစ်တဲ့အတွက် တန်ဖိုးကြီး ကင်မရာမျိုး သုံးစွဲမထားကြောင်း အဲဒီဂြိုဟ်တုက ရိုက်ယူတယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ ကင်မ်ယိုဂျောင်က ဖြေရှင်းသွားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားဟာ ဒုံးကျည် ပစ်လွှတ်မှုတွေကို အထောက်အကူ ဖြစ်စေဖို့ ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်နေတာဆိုတဲ့ စွပ်စွဲချက်ကိုလည်း သူက လှောင်ပြောင်သွားပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရင် ပေါ်ပေါ်ထင်ထင်ပဲ ပစ်ခတ်မှာဖြစ်ကြောင်း၊ အမေရိကန်ရဲ့ ရုပ်သေးဖြစ်တဲ့ တောင်ကိုရီးယား အစိုးရ စွပ်စွဲသလိုမျိုး ဒုံးကျည်ရဲ့ တာဝေးပျံသန်းမှု လမ်းကြောင်းကို ဂြိုဟ်တုတွေ အသုံးပြုပြီး တကူးတက ဟန်ဆောင် ဖုံးကွယ်နေစရာ ဘာအကြောင်းမှ မရှိကြောင်းလို့ ကင်မ်ယိုဂျောင်က ဆိုပါတယ်။

နောက်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုက ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မယ့် ကိစ္စဟာ အခြေခံ အခွင့်အရေးတစ်ခု ဖြစ်တာကြောင့် တောင်ကိုရီးယား အပါအဝင် ဘယ်သူကမှ ဒီကိစ္စကို ကန့်ကွက်လို့ မရကြောင်းလည်း သူက ပြောကြားသွားခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် အမျိုးအစား ပေါင်းစုံကို စံချိန်တင် အရေအတွက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့သလို နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲဖို့လည်း စီစဉ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

နိုင်ငံတကာ

ဂိုမီနဲ့ ဆွန်ဂန်ဆိုတဲ့ Pungsan အမဲလိုက် ခွေးလေး နှစ်ကောင်ကို လွန်ခဲ့တဲ့ ၄ နှစ်က ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အတော်လေး ပြန်အဆင်ပြေခဲ့တဲ့ အချိန်မှာ ကင်မ်က (အဲဒီတုန်းက) သမ္မတ မွန်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာအကြီးမားဆုံး အမျိုးသမီးအဖြစ် သတ်မှတ် ခံထားရသလို အစ်ကိုဖြစ်သူအပေါ် အထူးတလည် သစ္စာစောင့်သိသူလို့လည်း လူသိများပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စိတ်ပျက်စရာ သဘောထားကို သိမြင်လာရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အခုအခါမှာ ဂူတာရက်စ်ဟာ အိမ်ဖြူတော်၊ ဒါမှမဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ဦးနဲ့တောင် ပိုပြီး ဆင်တူလာကြောင်း ချိုက ဆိုပါတယ်။