Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးဝနှင့် မင်းကင်းကြားတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ

တိုက်ပွဲကို NUG ၏ကလေးခရိုင်လက်‌အာက်ခံPDFတပ်ရင်းများက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့​သော်တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးကြောင်း People’s Spring ၏ သတင်းရင်းမြစ်များကပြောသည်။

(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)
(ဇွန်လ ၁၆ရက်က စခန်းကြီးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ PDFများကသိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG MoD)

စစ်ကိုင်းတိုင်း၊ ကလေးဝနှင့် မင်းကင်းမြို့ကြားတွင် ယမန်နေ့( ဇွန်လ ၂၈ရက်)က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကလေးဝနှင့် မင်းကင်းမြို့ကြား လမ်းပိုင်းတ‌နေရာတွင် ဇွန်လ ၂၈ရက် နံနက် ၈နာရီခန့်မှ ၁၁ နာရီခန့်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” စစ်ကြောင်းကကလေးဝနဲ့မင်းကင်းနယ်ကိုပတ်နေတဲ့စစ်ကြောင်းပါ။ ဒီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ” ဟုမင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကPeople Spring ကိုပြောသည်။

တိုက်ပွဲကို NUG ၏ကလေးခရိုင်လက်‌အာက်ခံPDFတပ်ရင်းများက ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့​သော်တိုက်ပွဲအသေးစိတ်အခြေအနေကို စစ်ရေးလုံခြုံရေးအရ မပြောနိုင်သေးကြောင်း People’s Spring ၏ သတင်းရင်းမြစ်များကပြောသည်။

ပြီးခဲ့သည့် ဇွန်က ၁၆ရက်ကလည်း ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့အင်အား ၁၃၀ကျော်ပါသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀နီးပါးသေဆုံးခဲ့ကြောင်းသိရသည်။ PDFများက စစ်ကောင်စီတပ်၏ ကားနှစ်စီးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-(11) နှစ်လက်၊ G-3 နှစ်လက်၊ MA-11 ကျည်ဘောက် သုံးခု၊ G-3 ကျည်ဘောက် ခြောက်ခု၊ MG (3) ငါးကြင်းမြှီး တစ်လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း တစ်လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူးငါးလုံး၊ အီနာဂါ ဗုံးသီးငါး လုံး၊ .38 Webly Wesson (၆)လုံးပြူးတစ်လက်၊ Jammer တစ်လုံး၊ M-14 နင်းမိုင်း နှစ်လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့​ကြောင်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။