Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆော်ဒီရဲ့ အပူဒဏ်ကြောင့် ဂျော်ဒန်နိုင်ငံသား ဟာ့ဂျ်ဝတ်ပြုခရီးသည်တွေ ဒါဇင်နဲ့ချီ သေဆုံး

ကနေဒါကနေ လာရောက်တဲ့ မွတ်ဆလင် ဝတ်ပြု ခရီးသည် တစ်ဦးကတော့ ရုပ်ပိုင်းဆိုင်ရာအရ အပူဒဏ်က အရမ်းဆိုးရွားတာ မှန်ပေမယ့် ယုံကြည်ကိုးကွယ်မှုမှာ စိတ်ဆောင်နေလို့ တတ်နိုင်သမျှ အပူဒဏ်ကို မေ့ဖျောက်ထားကြတယ်လို့ ပြောပါတယ်။

ဆော်ဒီရဲ့ အပူဒဏ်ကြောင့် ဂျော်ဒန်နိုင်ငံသား ဟာ့ဂျ်ဝတ်ပြုခရီးသည်တွေ ဒါဇင်နဲ့ချီ သေဆုံး
ဆော်ဒီရဲ့ အပူဒဏ်ကြောင့် ဂျော်ဒန်နိုင်ငံသား ဟာ့ဂျ်ဝတ်ပြုခရီးသည်တွေ ဒါဇင်နဲ့ချီ သေဆုံး

လွန်ကဲလှတဲ့ အပူချိန်ကြောင့် ဆော်ဒီအာရေးဘီးယား နိုင်ငံကို ဟာ့ဂျ် ဝတ်ပြုခရီးစဉ် ရောက်ရှိနေတဲ့ ဂျော်ဒန်နိုင်ငံသား တစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂျော်ဒန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆော်ဒီကို ဝတ်ပြု ခရီးစဉ် ရောက်ရှိနေတဲ့ ဂျော်ဒန်နိုင်ငံသား အနည်းဆုံး ၁၄ ဦးဟာ ပြင်းထန်တဲ့ အပူရှိန်ကြောင့် ကွယ်လွန်ခဲ့တယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး တခြား ၁၇ ဦးလည်း အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။

အီရန်ရဲ့ လခြမ်းနီ အသင်းကလည်း အနည်းဆုံး အီရန် နိုင်ငံသား ၅ ဦးဟာ ဟာ့ဂျ်ခရီးစဉ် အတောအတွင်း အသက်ဆုံးရှုံးခဲ့တယ်လို့ သီးခြား ထုတ်ပြန်ပေမယ့် သေဆုံးမှု အကြောင်းရင်းကိုတော့ အတည်မပြုခဲ့ပါဘူး။ ဂျော်ဒန် အာဏာပိုင်တွေကတော့ ပျောက်ဆုံးနေသူတွေကို ဆော်ဒီ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အပူတပြင်း စုံစမ်း ရှာဖွေနေတယ်လို့ ပြောပါတယ်။ ပြီးတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် သယ်ဆောင်ဖို့လည်း စီစဉ်နေပါတယ်။

ဟာ့ဂျ်ဝတ်ပြု ခရီးစဉ်မှာ ကမ္ဘာအနှံ့က သန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဆော်ဒီကို လာရောက်ပြီး စုဝေး ဝတ်ပြုလေ့ ရှိကြပါတယ်။ ဟာ့ဂျ်ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး စုရုံးမှု တစ်ခုအဖြစ်လည်း သတ်မှတ်ခံရပြီး အခုနှစ်မှာ ဝတ်ပြုသူ ၁.၈ သန်းကျော်လောက် ရှိခဲ့တယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်စဉ် ဟာ့ဂျ်ဝတ်ပြုအစီအစဉ် ကျင်းပတဲ့ ကာလတွေအတွင်း အရင်တုန်းက လူပိမိလို့၊ ယာယီတဲတွေ မီးလောင်လို့ သေဆုံးတဲ့ ဖြစ်ရပ်မျိုးတွေ ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဟာ့ဂျ်ဝတ်ပြု ခရီးသည်တွေကို အကြီးမားဆုံး ခြိမ်းခြောက်လာတာက လွန်ကဲတဲ့ အပူဒဏ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆော်ဒီရဲ့ ပျမ်းမျှ နေ့အပူချိန်ဟာ ၄၆ ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်ကို ရောက်ရှိခဲ့ပြီး အထူးသဖြင့် ခံနိုင်ရည် အားနည်းတဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ဆော်ဒီ အမျိုးသား မိုးလေဝသ ဌာနရဲ့ အကြီးအကဲ အေမန် ဂူလမ်က ဟာ့ဂျ်ခရီးစဉ်ရဲ့ နှလုံးသည်းပွတ်တွေလို့ ဆိုရမယ့် မက္ကာနဲ့ မက်ဒီနာ မြို့တွေမှာ ဒီနှစ် ဟာ့ဂျ်ကလာ အပူချိန်ဟာ ပုံမှန်ထက် ၁.၅ ကနေ ၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ပိုမြင့်မားလိမ့်မယ်လို့ ခန့်မှန်း ပြောကြားထားပါတယ်။

အာရာဖတ် တောင်နားမှာ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု စင်တာဟာ အပူလျှပ် လူနာပေါင်း ၂၂၅ ဦးကို ကုသပေးခဲ့ရပါတယ်။ ကနေဒါကနေ လာရောက်တဲ့ မွတ်ဆလင် ဝတ်ပြု ခရီးသည် တစ်ဦးကတော့ ရုပ်ပိုင်းဆိုင်ရာအရ အပူဒဏ်က အရမ်းဆိုးရွားတာ မှန်ပေမယ့် ယုံကြည်ကိုးကွယ်မှုမှာ စိတ်ဆောင်နေလို့ တတ်နိုင်သမျှ အပူဒဏ်ကို မေ့ဖျောက်ထားကြတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တချို့သူတွေ အပူကြောင့် အလွန်အကျွံ နွမ်းလျ ပင်ပန်းနေတာတွေကို မြင်ခဲ့ရတယ်လို့လည်း အဲဒီ ဝတ်ပြု ခရီးသည်က ဆိုပါတယ်။

အခုနှစ် ဟာ့ဂျ်ကာလ ၅ ရက်တာဟာ ဇွန်လ ၁၉ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဌာနက ဝတ်ပြုသူတွေ အနေနဲ့ ရေများများသောက်ဖို့၊ အပူချိန် အမြင့်ဆုံး နေ့ကာလ အပိုင်းအခြားတွေမှာ တတ်နိုင်သမျှ နေပူထဲ မထွက်ကြဖို့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။

မနှစ်တုန်းက ဟာ့ဂျ်ခရီးစဉ် အတောအတွင်း အနည်းဆုံး လူ ၂၄၀ လောက် သေဆုံးခဲ့ပါတယ်။ ဟာ့ဂျ်ကာလ သမိုင်းကြောင်းတလျှောက် အဆိုးဆုံး လူသေမှုတွေကတော့ ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ပွားခဲ့ပြီး မီနာမြို့မှာ ဝတ်ပြုသူတွေ စုပြုံတိုးကြိတ်ကြရာက အသက်ရှူကျပ်လို့၊ လူနင်းခံရလို့ စုစုပေါင်း ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ဇီးကုန်းရွာနေ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျွန်းဦးရွာနေ အမျိုးသားတစ်ဦးပါ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင် ) လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ဟင်္သာဝဲအုပ်စု ဟင်္သာဝဲကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

နိုင်ငံတကာ

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ နှစ်နာရီကြာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူ ၂၇၄ ဦးအနက် ၈၆ ဦးရဲ့ နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

သတင်း

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။