Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း

အစ္စရေး စစ်တပ်ကတော့ အစိုးရ ဖွဲ့စည်းပုံ အပြောင်းအလဲဟာ လက်ရှိ ဆင်နွှဲနေတဲ့ ဂါဇာထိုးစစ်ရဲ့ အစီအမံတွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း
⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း

စစ်ပွဲကာလ အရေးပေါ် အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဖျက်သိမ်းလိုက်ပါတယ်။

ဂါဇာ စစ်ပွဲ အစောပိုင်း ကာလတွေတုန်းက နေတန်ညာဟုဟာ ပုံမှန် အစိုးရ အဖွဲ့အစား စစ်ပွဲကို အဓိက အာရုံစိုက် ကြီးကြပ်နိုင်ဖို့အတွက် ၆ ဦးပါ စစ်ကာလ အစိုးရကို ဖွဲ့စည်းခဲ့တာပါ။ အဲဒီ စစ်ကာလ အစိုးရ အဖွဲ့ထဲမှာ အတိုက်အခံ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ လဆန်းပိုင်းလောက်တုန်းက နေတန်ညာဟု ဦးဆောင်တဲ့ စစ်ကာလ အစိုးရဟာ ဂါဇာစစ်ပွဲအတွက် တိကျပြတ်သားတဲ့ မူဝါဒမျိုး မရှိဘူးဆိုပြီး အတိုက်အခံ ခေါင်းဆောင် ဘင်နီဂန့်ဇ်နဲ့ အရင်းနှီးဆုံး မဟာမိတ် ဂါဒီအိုင်ဆန်ကော့တို့က အသီးသီး နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီ အခြေအနေ အပြီးမှာတော့ စစ်ပွဲကာလ အစိုးရ ပြိုကွဲနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။

တချို့ကလည်း နုတ်ထွက်သွားသူတွေ နေရာမှာ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေနဲ့ အစားထိုး ခန့်အပ်သင့်ကြောင်း အကြံပြုခဲ့ပေမယ့် နေတန်ညာဟုကတော့ စစ်ကာလ အစိုးရကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်းပဲ အသိပေး ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အုပ်ချုပ်ရေး ယန္တရားနဲ့ စစ်ရေး အစီအမံတွေကို စစ်ပွဲကာလ မတိုင်ခင်က ဖွဲ့စည်းထားတဲ့ အစိုးရကပဲ ဆက်လက် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေး သုတေသီ တချို့ကတော့ စစ်ကာလ အစိုးရကို ဖျက်သိမ်းလိုက်ခြင်းဟာ နေတန်ညာဟု အနေနဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ကြိုတင် ရှောင်တိမ်းလိုက်တဲ့ သဘောမျိုး ဖြစ်တဲ့တိုင် စစ်ပွဲနဲ့ ပတ်သက်လို့ မူဝါဒရေးရာ ရွေးချယ် ချမှတ်မှုတွေမှာ အားလျော့သွားနိုင်ခြေ ရှိတယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ အစ္စရေး စစ်တပ်ကတော့ အစိုးရ ဖွဲ့စည်းပုံ အပြောင်းအလဲဟာ လက်ရှိ ဆင်နွှဲနေတဲ့ ဂါဇာထိုးစစ်ရဲ့ အစီအမံတွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

ဟားမားစ်နဲ့ အစ္စလာမ်မစ်ဂျီဟတ် ပြောက်ကျားအဖွဲ့တွေက အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနယ်စပ်ကို ဖြတ်သန်း ကျူးကျော်ပြီး အစ္စရေး မြို့ရွာတွေကို တိုက်ခိုက်ခဲ့ရာက ဂါဇာစစ်ပွဲ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးဖက်ကလည်း ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေနဲ့ ပါလက်စတိုင်း ပြောက်ကျားတွေကို တုံ့ပြန်ခဲ့ပြီး ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် အသေအပျောက် ၃၈၀၀၀ နီးပါးထိ များပြားခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အကျိုးဆက်ကတော့ လုံခြုံရေး ကောင်စီဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးအတွက် အစ္စရေးရော၊ ဟားမားစ်ကိုပါ ပိုပြီး ထဲထဲဝင်ဝင် ဖိအားပေး တောင်းဆိုခွင့် ရှိလာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ နှစ်နာရီကြာ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူ ၂၇၄ ဦးအနက် ၈၆ ဦးရဲ့ နာမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ ဂါဇာစစ်ပွဲတလျှောက် အရပ်သားထူထပ်ရာ ဧရိယာတွေမှာ အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်က အခုလိုမျိုး ကြားဝင်ပြီး အကြံပြု တိုက်တွန်းတာမျိုး ဖြစ်လေ့မရှိပါဘူး။

နိုင်ငံတကာ

ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမော့ရစ်ချ်နဲ့ အမျိုးသား လုံခြုံရေးဝန်ကြီး အစ်တာမာ ဘန်ဂီဗီတို့က ဟားမားစ် ပြောက်ကျားအဖွဲ့ အပြီးတိုင် ချေမှုန်း မခံရမချင်း ဘယ်လို သဘောတူညီချက်မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ ပြောကြားထားပါတယ်။