Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထရမ့်အတွက် အသက်ရှူ ချောင်စေမယ့် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဘိုင်ဒန်ဝေဖန်

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ထရမ့်အတွက် အသက်ရှူ ချောင်စေမယ့် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဘိုင်ဒန်ဝေဖန်
ထရမ့်အတွက် အသက်ရှူ ချောင်စေမယ့် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဘိုင်ဒန်ဝေဖန်

ရွေးကောက်ပွဲ ပြိုင်ဘက် ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်အပေါ် စွဲချက်တွေကနေ တစ်စိတ်တစ်ပိုင်း ကင်းလွတ်ခွင့်ပြုဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ခြင်းဟာ အန္တရာယ် များလွန်းတဲ့ စီရင်ထုံးတစ်ခု ဖြစ်လာမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဝေဖန် ပြောကြားလိုက်ပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားဥပဒေ စိုးမိုးမှု ကဏ္ဍကို ထိခိုက် အားလျော့သွားစေပြီး အမေရိကန်အပေါ် နစ်နာ အကျိုးယုတ်စေမယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်ကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီအတွက် ထူးကဲကြီးမားတဲ့ အောင်ပွဲတစ်ရပ်အဖြစ် ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။

တရားရုံးချုပ်က အမေရိကန်မှာ သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ တစ်ဦးဟာ ဥပဒေကြောင်း သတ်မှတ်ချက်တွေအရ တရားဝင် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ် ကင်းလွတ်ခွင့် ရပေမယ့် လုပ်ထုံးလုပ်နည်းကို ဘောင်ကျော်တဲ့ ဆောင်ရွက်ချက်တွေ ကနေတော့ ကင်းလွတ်နိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ပြီး ထရမ့်နဲ့ ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ခုံရုံး တရားသူကြီး တစ်ယောက်ဆီ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒန် အနိုင်ရခဲ့တာကို ထရမ့်က ဖိအားပေး ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားစီရင် စစ်ဆေးမှုတွေကို ဆိုင်းငံ့ထားတဲ့ အနေအထားဆီ ရောက်သွားစေမှာ ဖြစ်ပါတယ်။ အခုအခါ တာဝန်လွှဲပြောင်း ခံရတဲ့ ခုံရုံး တရားသူကြီးက ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင် ဘောင်ထဲကလား၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်တဲ့ အဆင့်မှာ ပါဝင်သလား ဆိုတာကို ကြားနာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တရားရေး လုပ်ငန်းစဉ်ဟာ လနဲ့ချီ အချိန်ယူရမှာ ဖြစ်တာကြောင့် အဲဒီ အတောအတွင်း ထရမ့်ဟာ စွပ်စွဲခံရမှုတွေကနေ ယာယီ ကင်းလွတ်နေမယ့် သဘောဖြစ်ပြီး နိုဝင်ဘာ ရွေးကောက်ပွဲကို အနှောင်အဖွဲ့ ကင်းကင်းနဲ့ အာရုံစိုက်နိုင်မယ့် သဘောပါပဲ။ ရွေးကောက်ပွဲ ကျင်းပချိန်ထိ သူဟာ စွပ်စွဲချက်နဲ့ ပတ်သက်တဲ့ တရားရေး အရှုပ်အထွေးတွေကို ဆိုင်းငံ့ထားနိုင်မယ့် အဓိပ္ပါယ်လည်း မြောက်ပါတယ်။

ဘိုင်ဒန်ကတော့ အမေရိကန်မှာ သမ္မတတွေကိုယ်တိုင် အပါအဝင် ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိသင့်ဘူးလို့ ရုပ်မြင်သံကြား ထုတ်ပြန်ချက် တစ်ခုမှာ ပြောကြားသွားပါတယ်။ အခု စီရင်ထုံးကို အကြောင်းပြုပြီး သမ္မတတွေရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ထိန်းညှိ သတ်မှတ်ထားတာကို ဖယ်ရှားလိုက်တဲ့ အဓိပ္ပါယ် ဖြစ်သွားမှာကို စိုးရိမ်ရတယ်လို့လည်း ဘိုင်ဒန်က ထောက်ပြခဲ့ပါတယ်။

ထရမ့်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက အမေရိကန် သမိုင်းကို အကျည်းတန်စေခဲ့တဲ့ လွှတ်တော် စီးနင်းမှုကြီးမှာ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပြီး အဲဒီကိစ္စကလည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ တရားရေးအရ စီရင်ဆုံးဖြတ်မှုတွေ ရှိလာမယ့်ပုံ မပေါ်တော့ပါဘူး။ အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

လစ်ဘရယ်ဝါဒီ တရားသူကြီး သုံးဦးက ကန့်ကွက်ခဲ့တဲ့အတိုင်း မဲအသာနဲ့ အတည်ပြုခဲ့တဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်အရ အဲဒီကိစ္စအတွက် ကြားနာမှုတွေကလည်း သေချာပေါက် ဆိုင်းငံ့သွားစေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ထရမ့်အပေါ် လက်ရှိ စွဲချက်တင်ထားတဲ့ တခြား အမှုကိစ္စတွေ အပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။ အဲဒီ အမှုတွေထဲမှာ ဂျော်ဂျီယာ ပြည်နယ် ရွေးကောက်ပွဲ ရလဒ်တွေကို ကြားဝင်နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွဲချက်မျိုး၊ အရေးကြီးတဲ့ ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းတွေကို ပေါ့ပေါ့ပျက်ပျက် ကိုင်တွယ်ထိန်းသိမ်းခဲ့တယ်ဆိုတဲ့ စွဲချက်မျိုးတွေ ပါဝင်နေပါတယ်။ ထရမ့်ရဲ့ ရှေ့နေ အဖွဲ့ဟာ နယူးယောက်မှာ စီးပွားရေး လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေကို အတုပြုလုပ် လိမ်လည်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခံရမှုကနေ ရုန်းထွက်နိုင်အောင် အစွမ်းကုန် ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ၂၀၂၄ ရွေးကောက်ပွဲအတွက် ပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်နဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးရာမှာ အတော်လေး စိတ်ပျက်စရာ နိမ့်ပါးမှုတွေနဲ့ ကြုံတွေ့ခဲ့တဲ့နောက် သူ့ရဲ့ ရွေးကောက်ပွဲ နိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဘိုင်ဒန်က အခုလို ကတိပေးခဲ့တာပါ။

နိုင်ငံတကာ

ဒီမိုကရက် ပါတီဖက်မှာတော့ ရွေးကောက်ပွဲ မစခင် နောက်ထပ် စကားစစ်ထိုးပွဲတွေမှာ ဘိုင်ဒန် အနေနဲ့ လက်ရှိထက် အားကောင်းတဲ့ အနေအထားမျိုး ရှိပါ့မလား ဆိုတာကို တွေးတော စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်က အဲဒီ အဆိုပြုချက်ကို လက်ခံဖို့ ဟားမားစ် ပြောက်ကျားတွေကို တောင်းဆိုထားပြီး ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ကလည်း အပေါင်းလက္ခဏာဆန်တဲ့ သဘောမျိုးနဲ့ လေ့လာနေတယ်လို့ တုံ့ပြန်ထားပါတယ်။