Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ စစ်တပ် အကြီးအကဲဟောင်း ဦးဆောင်တဲ့ အာဏာသိမ်းမှု မအောင်မြင်

ဇွန်လ ၂၆ ရက်နေ့က လာပက်ဇ်မြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို စစ်တပ်ရဲ့ သံချပ်ကာယာဉ်တွေက ဝန်းရံထားတာကို တွေ့ခဲ့ရပါတယ်။

ဘိုလီးဗီးယားမှာ စစ်တပ် အကြီးအကဲဟောင်း ဦးဆောင်တဲ့ အာဏာသိမ်းမှု မအောင်မြင်
ဘိုလီးဗီးယားမှာ စစ်တပ် အကြီးအကဲဟောင်း ဦးဆောင်တဲ့ အာဏာသိမ်းမှု မအောင်မြင်

ဘိုလီးဗီးယား နိုင်ငံမှာ အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့် မအောင်မြင်ဘဲ လျင်လျင်မြန်မြန် အဆုံးသတ်သွားခဲ့ပါတယ်။

ဘိုလီးဗီးယား သမ္မတ လူးဝစ်အက်က ဇွန်လ ၂၆ ရက်နေ့မှာ အာဏာသိမ်းဖို့ အားထုတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပေမယ့် သက်တမ်း တိုတိုနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်လို့ ကြေညာပါတယ်။ သူက ပြည်သူတွေ အနေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီကို စုစည်းကာကွယ်ကြဖို့ တိုက်တွန်း တောင်းဆိုခဲ့သလို စစ်သားတွေ အကုန်လုံး စစ်တန်းလျား ပြန်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့က လာပက်ဇ်မြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ တခြား အစိုးရ အဆောက်အအုံတွေကို စစ်တပ်ရဲ့ သံချပ်ကာယာဉ်တွေက ဝန်းရံထားတာကို တွေ့ခဲ့ရပါတယ်။

ဘိုလီးဗီးယား နိုင်ငံရဲ့ သမိုင်းမှာ အာဏာသိမ်းတဲ့ ဖြစ်စဉ်မျိုး ပြည်သူတွေ နောက်တစ်ကြိမ် မကြုံသင့်တော့ကြောင်း၊ ဒီမိုကရေစီကို အားလုံးက စုဝေးကာကွယ်ဖို့လိုကြောင်း သမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ လာပက်ဇ်မြို့လယ် ရင်ပြင်ဖြစ်ပြီး အရေးပါတဲ့ အစိုးရရုံးတွေ တည်ရှိရာ မူရီလိုရင်ပြင်မှာ စစ်သားတွေနဲ့ သံချပ်ကာယာဉ်တွေ စုဝေးနေတာကို တွေ့ခဲ့ရပါတယ်။ တချို့ သံချပ်ကာ ယာဉ်တွေဟာ ဘိုလီးဗီးယား သမ္မတအိမ်တော်ရဲ့ ဝင်းတံခါးပေါက်ကို အရှိန်နဲ့ ဝင်တိုက်ပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။ တချို့ စစ်ကားတွေက ချဉ်းကပ်လာတဲ့ လူထုဆီကို မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲစေခဲ့ပါတယ်။ ဘိုလီးဗီးယား သမ္မတဟောင်း တဦးဖြစ်တဲ့ အီဗို မိုရေးလက်စ်ကလည်း ပြည်တွင်းမှာ အာဏာသိမ်းမှုတစ်ခု စတင်နေပြီလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အခု အာဏာသိမ်းဖို့ အားထုတ်မှုကို မကြာသေးခင် ရက်ပိုင်းကမှ ထောင်ကနေ လွတ်လာသူ စစ်တပ် အကြီးအကဲဟောင်း ဟွမ်ဟိုဆေး ဇူနီဂါက ဦးဆောင်ခဲ့တာပါ။ သူဟာ မိုရေးလက်စ်ရဲ့ တစ်ကျော့ပြန် ရွေးကောက်ပွဲ ဝင်ခွင့်ကို ခြိမ်းခြောက် တားဆီးမှုအတွက် ထောင်ကျခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာတော့ ဇူနီဂါကို ရဲတွေက ဖမ်းဆီးပြီး ရဲကားတစ်စီးပေါ် တင်ခေါ်သွားခဲ့တာကို တွေ့ရပါတယ်။

အာဏာသိမ်းချိန်တုန်းက ဇူနီဂါဟာ စစ်သားတွေ ခြံရံပြီး မိန့်ခွန်းပြောခဲ့ရာမှာ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုတွေကနေ ကယ်တင်ဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်ဖို့ လိုလားတယ်လို့ ထည့်သွင်း ကြွေးကြော်သွားပါတယ်။ လက်ရှိ အခြေအနေအရ နိုင်ငံနဲ့ ပြည်သူတွေဟာ အာဂတ် ကင်းမဲ့နေကြောင်း၊ ဘိုလီးဗီးယား စစ်တပ်ကတော့ နိုင်ငံ့ရင်သွေးတွေရဲ့ အနာဂတ်အတွက်၊ ပြည်သူတွေ ကောင်းစားရေးအတွက်၊ နိုင်ငံတိုးတက်ရေးအတွက် ရှေ့တစ်လှမ်းတိုးဖို့ သတ္တိရှိနေကြောင်းလည်း သူက ဆိုပါတယ်။

ဇူနီဂါ ဦးဆောင်ခဲ့တဲ့ အာဏာသိမ်းမှုဟာ ဇွန်လ ၂၆ ရက်နေ့မှာမှ ကြည်းတပ် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ကြီး ဟိုဆေးဆန်းချက်ဇ်ရဲ့ အမိန့်ကို စစ်သားတွေက လိုက်နာပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီ ပြန်ကုန်ကြတဲ့ အချိန်မှာ ဆုံးခန်းတိုင်သွားခဲ့ပါတယ်။ ဆန်းချက်ဇ်က သမ္မတ အိမ်တော်ဝင်းထဲကနေ စစ်သားတွေ အကုန်လုံး တန်းလျားပြန်ကြဖို့ အမိန့်ပေးကြောင်း မိန့်ခွန်းပြောပြီး မကြာခင်မှာပဲ သံချပ်ကာကားတွေ တဖွဲဖွဲ ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဘိုလီးဗီးယားမှာ နိုင်ငံရေးအရ တင်းမာမှုတွေ ရှိနေပြီး လက်ဝဲယိမ်း သမ္မတဟောင်း မိုရေးလက်စ်ဟာ အက်အတွက် အဓိက စိန်ခေါ်သူ ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

သတင်း

စစ်အာဏာရှင်များသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွင်လည်း သံဃာတော်အများအပြားအား ရက်ရက်စက်စက်သတ်ဖြတ်မှု ပြုလုပ်ခဲ့သူများဟု ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မက လူထုနွေဦးသို့ မိန့်ကြားသည်။

သတင်း

"လှည့်ကင်းကမသင်္ကာလို့ ရပ်ခိုင်းတာကို မမြင်ဘဲနဲ့ ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာပေါ့။"ဟု ဆရာတော်ကြီး၏ ဒကာတစ်ဦးက ပြောသည်။

သတင်း

ဇီးကုန်းရွာနေ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျွန်းဦးရွာနေ အမျိုးသားတစ်ဦးပါ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။