Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင် ANPကို ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်သည့် စစ်ကောင်စီလုပ်ရပ် နိုင်ငံရေးရွေးချယ်ခွင့်မရှိအောင်လုပ်ဆောင်ခြင်းဟု လွှတ်တော်အမတ်ဟောင်းပြော

လက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်အောက်၌ ရှိသည်ကို ပြောစရာပင်မလိုဘဲ စစ်တပ်အလိုကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။

(စစ်တွေမြို့ရှိ ANPပါတီ ရုံးချုပ်အား ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တွေမြို့ရှိ ANPပါတီ ရုံးချုပ်အား ယခင်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ရက္ခိုင်အမျိုးသားပါတီ(ANP)၏ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းအား ငြင်းပယ်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်သည့် အကြောင်းအရာ အသေးစိတ်ကို ဖော်ပြထားခြင်းမရှိဘဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပပေဒ ပါ ပြဌာန်းခြင်းနှင့် မညီညွတ်၍ဟု စစ်ကောင်စီက ဖော်ပြထားသည်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ANPပါတီကို မှတ်ပုံတင်ခွင့်မပြုသည့် အကြောင်းပြချက် ဖော်ပြမထားသော်လည်း ပါတီ ဝင်များက ရက္ခိုင့်တပ်တော်(ULA/AA)ဘက် ရောက်ရှိခြင်းကြောင့် ယခုကဲ့သို့ ငြင်းပယ်သည့် သတင်းများရှိနေသည် ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

Public Service Announcement

Public Service Announcement

“ANP ပါတီက လူတွေက ULA/AA ဘက်ကို ရောက်သွားတယ်ဆိုတဲ့ သတင်းပေါ့။ဒါကတော့ စပ်ကူးမက်ကူးကာလမှာ စစ်ကောင်စီဘက်ကို ရောက်သွားတဲ့သူတွေလည်းရှိတယ်လေ။ ဒေါ်အေးနုစိန်ပေါ့ ပြောရမယ်ဆိုရင်။ ဒေါက်တာအေးမောင်တို့ဆိုလည်းသူတို့နဲ့အတူတူပဲပေ့ါ။ ဒါပေမဲ့ အဲဒီလို ပြောလို့မရဘူး။ ဒါက ပါတီပဲဟာ။ ပါတီမှ မဟုတ်တာ။ ပါတီမှာ လက်ရှိ ပါတီဝင်ထဲက ဘယ်သူတွေ ULA/AA ဘက်ကို ရောက်သွားသလဲ ဒါလည်း လူနဲ့ပဲဆိုင်တယ်။ သူတို့ ရောက်သွားရင် ရောက်သွားတဲ့သူကိုပဲ ပါတီက ထုတ်ပေါ့။ ဒါမှ မဟုတ် ပါတီထဲမှာ ပါနေမယ် မှတ်ပုံတင် စာရင်းထဲမှာ ပါနေမယ်ဆိုရင် အဲဒီလူတွေကို ထုတ်ခိုင်းပေါ့။ အဲဒီလို အခွင့်အရေးကတော့ ပါတီမှာ ရှိတယ်လို့ထင်တယ်”ဟု ဦးဖေသန်းက ပြောသည်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်အောက်၌ ရှိသည်ကို ပြောစရာပင်မလိုဘဲ စစ်တပ်အလိုကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။

“ဒါကြောင့် စစ်တပ်ရဲ့အလိုကျ ရွေးကောက်ပွဲကော်မရှင်က လုပ်မှာပဲ။ သူတို့က PRဆိုရင် PR လုပ်ဖို့ပဲ ကြိုးစားတာပဲ ဒီဘက်က။ သူတို့က ရွေးကောက်ပွဲမလုပ်ဘူးဆိုရင်လည်း ဆက်ပြီး အာဏာယူသွားရင်လည်း ကော်မရှင်က ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီဘူးလို့လည်း ပြောပိုင်ခွင့် ရှိတာမဟုတ်ဘူး။ အဲဒီလို ဆင်ခြေပေးပိုင်ခွင့်မရှိဘူး စစ်တပ်ရဲ့အောက်မှာ။ သူတို့က ANPကို စစ်တပ်က ဖျက် ပစ်လိုက်ဆို ဖျက်ပစ်လိုက်မှာပဲ။ သူတို့ (ကော်မရှင်)က။ ANPရယ်လို့ မဟုတ်ပါဘူး NLDကိုလည်း အဲဒီလိုပဲ ဖျက်သိမ်းလိုက်တာ”ဟု ဦးဖေသန်းက ပြောသည်။

စစ်အုပ်ချုပ်ရေး၌ ဥပဒေသည် အသုံးချခံသာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ ဥပဒေကို အသုံးချပြီး သူတို့လိုချင်တဲ့ပုံဖော်တာပေါ့။ဒါ စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ကိစ္စပဲဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ယခု စစ်ကောင်စီ၏လုပ်ရပ်သည် နိုင်ငံရေးလမ်းကြောင်းကို ပိတ်ပစ်ခြင်းလည်း ဖြစ်သည်ဟုဆိုသည်။

“သူတို့(ANP) ယုံကြည်တဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းက သွားခွင့်မရဘဲနဲ့ သူတို့ကို သပ်သပ် အကုန်လုံး ဝါးလုံးနဲ့ ရမ်းသန်းပြီး အပစ်ပေးတဲ့ သဘောမျိုးဖြစ်သွားတာပေါ့။ ဒါကြောင့် ဒီလို လုပ်ရပ်က ပိုပြီးတော့ ပါတီဝင်တွေကို တစ်ဖက်ကို ရောက်သွားအောင် နိုင်ငံရေးမှာ ရွေးချယ်ခွင့်မရှိအောင်လုပ်လိုက်တာနဲ့ တူတယ်လို့ ပြောချင်ပါတယ်”ဟု ANP ပါတီဝင်ဟောင်းလည်း ဖြစ်သူ ဦးဖေသန်းက ပြောသည်။

တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကလည်း” SNLD ရှမ်းပါတီ နဲ့ ANP ရခိုင်ပါတီနှစ်ခုဟာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်မှာ အင်အားအကောင်းဆုံးဘဲ။ ရွေးကောက်ပွဲတွေမှာလည်း အများစုအနိုင်ရတဲ့ ပါတီတွေပါဘဲ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ ဖြစ်လာတော့ SNLD ကပြန်ပြီး မှတ်ပုံမတင်ဘူး။ ANP ပြန်ပြီးမှတ်ပုံတင်ဖို့ လျှောက်ခဲ့တယ်။အခု ANP ရဲ့ မှတ်ပုံတင်ခွင့်လျောက်လွှာ ပယ်ချခံရတာတွေ့ရတယ်။ SNLD အဖို့ကတော့ သူတို့ ဆုံးဖြတ်ခဲ့တာ မှန်တယ်လို့ ပိုခိုင်မာစေမယ် ထင်တယ်” ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။

လက်ရှိ အခြေအနေများအရ ANP မှတ်ပုံတင်ခွင့်ရှိလည်း ရန်ကုန်တိုင်းရခိုင်ဝန်ကြီးနေရာ ဝင်ရွေးခံဖို့သာ ရှိနိုင်မည်ဟုလည်း ပြောသည်။

လက်ရှိတွင် AAသည် ရက္ခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစစ်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင် ၉မြို့နယ်ကို သိမ်းပိုက်ထားပြီး ကျန်နေသည့် မြို့နယ်များကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

သတင်း

ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ ၂၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ဦးအထိ ရှိလာခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

သတင်း

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။

သတင်း

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။