close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်ရေတပ် F-35B တိုက်လေယာဉ်တစ်စီး ဂျပန်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြန်

ဗြိတိန် ရေတပ်ရဲ့ နောက်ထပ် F-35B တစ်စီးဟာ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အရပ်ဖက် လေကြောင်း ခရီးစဉ် တချို့ကိုပါ အနှောင့်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။

ဗြိတိန် ရေတပ်ရဲ့ နောက်ထပ် F-35B တစ်စီးဟာ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး အရပ်ဖက် လေကြောင်း ခရီးစဉ် တချို့ကိုပါ အနှောင့်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။

ဗြိတိန် လေတပ်ရဲ့ F-35B တိုက်လေယာဉ်တွေက တခြားနိုင်ငံတစ်ခုရဲ့ အရပ်ဖက် လေဆိပ်မှာ အရေးပေါ် ဆင်းသက်ရတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဩဂုတ် ၁၀ ရက်နေ့တုန်းက ဖြစ်စဉ်မှာ F-35B တိုက်လေယာဉ်ဟာ ပျံသန်းနေရင်း စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုကြောင့် ကာဂိုရှီးမား အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာလို့ သိရပါတယ်။

အကျိုးဆက် အနေနဲ့ လေဆိပ်ရဲ့ ပြေးလမ်းတစ်ခုကို ပိတ်ခဲ့ရပြီး အဲဒီပြေးလမ်းမှာ ဆင်းသက်မယ့် ခရီးစဉ် တချို့ကို မိနစ် ၂၀ လောက် ဆိုင်းငံ့စေခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်မှာ အထိအခိုက်တွေတော့ မရှိခဲ့ဘူးလို့ လေဆိပ်က ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်လေယာဉ်ဟာ လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ ဗြိတိန် ရေတပ် တိုက်ရေယာဉ် အုပ်စုတစ်ခုဆီက ဖြစ်ပါတယ်။ အဲဒီ တိုက်ရေယာဉ် အုပ်စုဟာ ဂျပန်ပြည်စောင့်တပ်၊ အမေရိကန် ရေတပ်တို့နဲ့ ပူးပေါင်းပြီး ဂျပန်ကမ်းလွန် ရေပြင်မှာ ဩဂုတ် ၄ ရက်ကစလို့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ကုမ္ပဏီ Lockheed Martinက ထုတ်လုပ်တဲ့ F-35Bတွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရပါတယ်။

ဒါပေမဲ့ ဗြိတိန်ရေတပ်က ဝယ်ယူအသုံးပြုနေတဲ့ F-35Bတွေကတော့ လပိုင်းအတွင်း အရေးပေါ် ဆင်းသက်ရတာတွေ နှစ်ကြိမ်ထိ ရှိလာခဲ့ပြီး ပထမအကြိမ်တုန်းက ပြင်ဆင်မှုတွေ အရမ်းကြာခဲ့တာကြောင့် နိုင်ငံတကာ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

ဇွန်လ ၁၄ ရက်နေ့တုန်းက အိန္ဒိယနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေတဲ့ ဗြိတိန် ရေတပ်ဟာ Prince of Wales လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အခြေစိုက်တဲ့ F-35B တစ်စီးဟာ စက်ချွတ်ယွင်းမှု ပြဿနာကြောင့် အိန္ဒိယရဲ့ ကီရာလာ ပြည်နယ်ထဲက သီရူဗန်နက်သ်ပူရမ် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဲဒီလေယာဉ်ဟာ ပြင်ဆင်မှုတွေ ထင်ထားတာထက် ပိုကြာနေပြီး ဟိုက်ဒရောလစ် စနစ် ချွတ်ယွင်းမှုနဲ့ပါ ကြုံခဲ့ရတာကြောင့် သီတင်း ၅ ပတ်အကြာ ဇူလိုင် ၂၂ ရက်နေ့မှ အိန္ဒိယကနေ ပြန်လည် ထွက်ခွာနိုင်ခဲ့ပါတယ်။ အခုလည်းတစ်ခါ ဂျပန်မှာ နောက်ထပ် F-35Bတစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရပြန်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ စစ်ရေးနည်းပညာ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ မီဒီယာတွေကတော့ F-35Bတစ်စီး နောက်တစ်ကြိမ် အရေးပေါ် ဆင်းသက်ရတဲ့ ကိစ္စကို လှောင်ပြောင်တဲ့ သဘောမျိုးတွေ ဖော်ပြထားတာ တွေ့ရပါတယ်။ ရုရှားရဲ့ Sputnik သတင်းဌာနက ဗြိတိန်ရေတပ် F-35Bတွေဟာ တခြားနိုင်ငံတွေမှာ အရေးပေါ် ဆင်းသက်ရင်း ဒေသထွက်ကုန် အမှတ်တရ လက်ဆောင်တွေကို စုဆောင်းနေပုံရတယ်လို့ ရေးသားထားခဲ့ပါတယ်။

တရုတ်ရဲ့ Golbal Times သတင်းဌာနကလည်း အခုဖြစ်ရပ်တွေကို ကြည့်ရုံနဲ့ F-35Bတွေရဲ့ တည်ဆောက်ပုံ စနစ်တွေက ရှုပ်ထွေးလွန်းပြီး ပြင်ဆင်မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ မြင်သာစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အဝေးမှာ ဖြန့်ကျက်ထားတဲ့ စစ်ဆင်ရေးမျိုးတွေကျရင် ဗြိတိန်ဟာ ဒီပြဿနာမျိုးကြောင့် အခက်ကြုံရနိုင်တယ်လို့ တရုတ် လေကြောင်းနည်းပညာ သုတေသီ ဝမ်ယာနန်က ထောက်ပြခဲ့ပါတယ်။

F-35Bတွေဟာ F-35တိုက်လေယာဉ်တွေရဲ့ အဓိက မျိုးကွဲ ၃ ခုထဲကမှ တိုတောင်းတဲ့ ပြေးလမ်းကိုသာ လိုအပ်တဲ့ အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်တွေလို ထောင်လိုက် အတက်အဆင်း လုပ်နိုင်စွမ်းလည်း ရှိပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သတင်း

ယနေ့ (သြဂုတ် ၈) ကျရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ် ပြုလုပ်ခဲ့ကြသည်။

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေး ပဋိပက္ခ ကာလအတွင်း ကမ္ဘောဒီးယားနဲ့ ထိုင်းတို့အတွက် စစ်သုံးဒရုန်းတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန်နဲ့ တရုတ်တို့က အသီးသီး ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လူ့သမိုင်းမှာ ပထမဆုံး နျူကလီးယား တိုက်ခိုက်မှုကြီး ဖြစ်ခဲ့တဲ့ ဟီရိုရှီးမားမြို့ အနုမြူ ဗုံးကြဲမှု နှစ် ၈၀ ပြည့် အောက်မေ့ကြေကွဲမှု အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။