close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်လုပ် စစ်သင်္ဘောတွေ နော်ဝေး ရေတပ်ဝယ်ယူဖို့ သဘောတူညီမှု ရရှိ

နော်ဝေးရေတပ်အတွက် ဗြိတိန်ဆီကနေ စစ်သင်္ဘောတွေ ဝယ်ယူဖြည့်တင်းဖို့ နှစ်နိုင်ငံကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဓာတ်ပုံ - Iain Masterton/Alamy

နော်ဝေးရေတပ်အတွက် ဗြိတိန်ဆီကနေ စစ်သင်္ဘောတွေ ဝယ်ယူဖြည့်တင်းဖို့ နှစ်နိုင်ငံကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

စတာလင်ပေါင် ၁၀ ဘီလီယံတန် စာချုပ်အရ နော်ဝေးဟာ ဗြိတိန်ဆီက အနည်းဆုံး Type 26 အမျိုးအစား ဖျက်သင်္ဘော ၅ စီး မှာယူသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဗြိတိန်အတွက် စစ်သင်္ဘောတွေ ရောင်းချမှုဆိုင်ရာ တန်ဖိုးအမြင့်ဆုံး စံချိန်တင် စာချုပ် ဖြစ်လာမယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နော်ဝေးကလည်း ဒီစာချုပ်ဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ အကြီးမားဆုံး အားထုတ်မှု တစ်ခုလို့ ရည်ညွှန်းခဲ့ပါတယ်။

သင်္ဘောတွေ တည်ဆောက်ပေးမယ့် အစီအစဉ်အရ ၂၀၃၀ ပြည့်လွန်နှစ်တွေအထိ စုစုပေါင်း အလုပ်အကိုင်နေရာ ၄၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး အဲဒီထဲက ၂၀၀၀ ကျော်ဟာ သင်္ဘောတွေကို ဆောက်လုပ်မယ့် ဂလက်စဂိုမြို့၊ BAE System သင်္ဘောကျင်းမှာ ဖြစ်လိမ့်မယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ နိုင်ငံတွေအတွက် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်၊ နည်းပညာတွေ တင်ပို့ရောင်းချမှုမှာ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က အဓိက ဦးဆောင်နေပေမယ့် အခုတော့ အဲဒီ စျေးကွက်ထဲ ဗြိတိန်ကလည်း ရည်မှန်းချက်ကြီးကြီးနဲ့ ဝင်ရောက်လာတဲ့ သဘောပါ။

ဗြိတိန်-နော်ဝေး သဘောတူညီမှုအရ ရေငုပ်သင်္ဘောတွေကို ခြေရာခံ ဖျက်ဆီးပစ်နိုင်တဲ့ ဖရီးဂိတ် စစ်သင်္ဘော ၁၃ စီးပါ ပူးပေါင်းရေတပ်ကို တည်ဆောက်ကြမှာဖြစ်ပြီး လတ်တလောမှာတော့ ဗြိတိန်က ၈ စီး၊ နော်ဝေးက ၅ စီး ဖြည့်တင်းဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

နောက်ပြီး နော်ဝေးဆီ တင်ပို့မယ့် Type 26 ဖရီးဂိတ်တွေဟာ ဗြိတိန်ရေတပ်က အသုံးပြုတဲ့ သင်္ဘောတွေနဲ့ စွမ်းဆောင်ရည် တူညီမှာဖြစ်ပြီး ပြည်ပပို့ကုန် ဖြစ်တာကြောင့် နည်းပညာပိုင်း ကန့်သတ်ထား၊ လျှော့ချထားတာမျိုး ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သင်္ဘောတွေရဲ့ အဓိက တာဝန်ဟာ ရန်သူ့ ရေငုပ်သင်္ဘောတွေကို ခြေရာခံဖို့၊ လိုအပ်လာရင် တိုက်ခိုက်ဖျက်ဆီးဖို့ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook