close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမတ်တွေကို ကားဝယ်ပေးမယ့် အစီအစဉ်ကို ပြည်သူတွေ ဆန္ဒပြလို့ အရှေ့တီမော လွှတ်တော် ဖျက်သိမ်း

ပြည်သူလူထုဆီက တင်းတင်းမာမာ ဆန့်ကျင် ဆန္ဒပြမှုတွေ ကြုံခဲ့တဲ့နောက် လွှတ်တော် အမတ်တွေအတွက် အခွင့်ထူးတွေကို ပယ်ဖျက်ပေးဖို့ အရှေ့ တီမော လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ပြည်သူလူထုဆီက တင်းတင်းမာမာ ဆန့်ကျင် ဆန္ဒပြမှုတွေ ကြုံခဲ့တဲ့နောက် လွှတ်တော် အမတ်တွေအတွက် အခွင့်ထူးတွေကို ပယ်ဖျက်ပေးဖို့ အရှေ့ တီမော လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

အရှေ့ တီမောမှာ လွှတ်တော် အမတ်တွေကို ပြည်သူ့ဘဏ္ဍာငွေတွေ အကုန်အကျခံပြီး မော်တော်ကား တစ်စီးစီ ဝယ်ယူပေးဖို့ စီစဉ်ခဲ့တဲ့အပေါ် ပြည်သူတွေက မကျေနပ်ဘဲ အခုသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက် ပဋိပက္ခ တချို့ပါ ကြုံတွေ့ခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ လွှတ်တော်က လူထုရဲ့ ဆန္ဒကို အလျှော့ပေး လိုက်လျောပြီး အမတ်တွေအတွက် ကားဝယ်ပေးမယ့် ကိစ္စကိုရော၊ အမတ်တွေကို အနားယူပြီးသွားရင်တောင် ရာသက်ပန် ပင်စင် ထောက်ပံ့သွားမယ့် ကိစ္စကိုပါ ပယ်ဖျက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – AFP

လွှတ်တော် အမတ်တွေအတွက် ဒေါ်လာ ၄.၂ သန်းဖိုး ကားအသစ်တွေ ဝယ်ယူမယ့် လွှတ်တော်ရဲ့ အစီအစဉ်ဟာ အာရှတိုက်မှာ အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အရှေ့တီမောမှာတော့ လူထုကြား ဒေါသတကြီး ဝေဖန် ရှုတ်ချစရာ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော်က အဲဒီကိစ္စကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် ၂၀၀၆ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ လွှတ်တော် အမတ်ဟောင်းတွေဟာ သူတို့ရခဲ့တဲ့ လစာအတိုင်း ပင်စင်ခံစားခွင့် ဆက်ရှိစေမယ်ဆိုတဲ့ အခွင့်ထူးကိုပါ ဖယ်ရှားပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

လွှတ်တော်က ဒီကိစ္စတွေကို တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမယ်လို့ အာမခံခဲ့တဲ့နောက် ဆန္ဒပြသူတွေက ကျေနပ်သွားပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်မလာရင်တော့ ပိုမို ကြီးမားပြင်းထန်တဲ့ အုံကြွမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က လွှတ်တော်ရဲ့ ကတိပေးမှု ထွက်ပေါ်မလာခင်မှာ လူငယ်အများစု ဦးဆောင်တဲ့ ဆန္ဒပြသူ ၂၀၀၀ ဝန်းကျင်လောက်ဟာ မြို့တော် ဒီလီမှာရှိတဲ့ လွှတ်တော် အဆောက်အအုံနားမှာ စုဝေးနေခဲ့ပါသေးတယ်။ ဆန္ဒပြသူ တချို့က ကားတွေဟာ ကြိုတင်မှာယူထားပြီး လမ်းခုလတ်မှာ ရောက်နေပြီဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့တော့ စိတ်မချနိုင် ဖြစ်နေမိသေးတယ်လို့ ပြောပါတယ်။

လွှတ်တော်ဟာ အမတ် ၆၅ ယောက်အတွက် ဂျပန်ကားကုမ္ပဏီ Toyotaက ထုတ်လုပ်တဲ့ SUV အမျိုးအစား Prado ကားတစ်စီးစီ ဝယ်ယူပေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်က ဆင်းရဲနွမ်းပါးမှု အခြေအနေနဲ့ ကြုံနေရတဲ့ နိုင်ငံငယ်လေးမှာတော့ ဒီကိစ္စဟာ လူကြိုက်မများတဲ့ ဆုံးဖြတ်ချက် ဖြစ်လာတော့တာပါပဲ။

ဆန္ဒပြမှုတွေပါ ဖြစ်ပေါ်လာတဲ့ အခါမှာတော့ လွှတ်တော်ဟာ ဆုံးဖြတ်ချက်ကို ဂငယ်ကွေ့ ပြန်ကွေ့ပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အမတ်တွေအတွက် ကားဝယ်ပေးမယ့် ဘတ်ဂျတ်ခွဲတမ်းကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာကတော့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ လူထုရဲ့ လွတ်လပ်ခွင့်ကို တားဆီး စွက်ဖက်မှာ မဟုတ်ကြောင်း ပြောခဲ့ပေမယ့် မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်မှုမျိုးတွေကိုတော့ လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက သတိပေးခဲ့ပါသေးတယ်။

အင်ဒိုနီးရှား လက်အောက်မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေး ရလာခဲ့တဲ့ အရှေ့တီမောဟာ လူတန်းစား မညီမျှမှု၊ အာဟာရချို့တဲ့မှု၊ အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေနဲ့လည်း ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဟာလည်း ရေနံထွက်ရှိမှုအပေါ် လွန်လွန်ကဲကဲ မှီခိုထားရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

သတင်း

အရှေ့တီမောနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ဖြစ်ခွင့်အတွက် မထောက်ခံကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီက အသိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့တီမော နိုင်ငံဟာ အခု နှစ်ကုန်ပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မလေးရှားဟာ အာဆီယံရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ နိုင်ငံပါ။

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တခြားပါတီငယ်တွေကိုပါ စည်းရုံးနိုင်မယ်ဆိုရင် အမတ်နေရာ ၁၉၂ ခုစာ မဲတွေကို ရရှိထားမှာ ဖြစ်ပါတယ်။

Facebook