စက်တင်ဘာ-၁၅၊၂၀၂၅။People’s Spring
အာဏာသိမ်းစစ်ကောင်စီက စိတ်ကိုင်းကျစီစဥ်ပြီးကျင်းပဖို့လုပ်နေတဲ့ကောက်ပွဲကို နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေနဲ့ဂျာနယ်လစ်တွေကစုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။
နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာက အလုပ်သမားတွေ ၊မီဒီယာသမားတွေအပါအဝင်စုစုပေါင်းနိုင်ငံတကာလုပ်သားအင်အားသန်း ၂၀၀ လောက်ကိုကိုယ်စားပြုတဲ့သမဂ္ဂတွေကစစ်ကောင်စီအလိုကျရွေးကောက်ပွဲဟာတရားမဝင်သလို အတုအပသာဖြစ်တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။
ရွေးကောက်ပွဲရဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုက အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ချိန် ကတည်းက ဂျာနယ်လစ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သား ပြည်သူတွေ အများအပြားကို ဖိနှိပ် ဖမ်းဆီးခဲ့သလို စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူတွေ ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အကြောင်းကိုလည်း သမဂ္ဂကတွေက ထောက်ပြထားခဲ့ပါတယ်။
ဒီအခြေအနေတွေကို ကြည့်ရုံနဲ့တင်စစ်ကောင်စီက ကြီးမှူးပြီးတရားမျှတတဲ့ရွေးကောက်ပွဲမျိုး ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သမဂ္ဂတွေက ဆိုပါတယ်။
စစ်ကောင်စီဟာအာဏာသိမ်းခဲ့ပြီး ၄ နှစ်ခွဲရှိလာချိန်မှာအမည်ပြောင်းလဲလိုက်တာကလည်း ကျူးလွန်ခဲ့သမျှကိစ္စတွေကိုနိုင်ငံတကာအမြင်မှာတာဝန်ခံမှုကနေ ရှောင်လွှဲဖို့လှည့်စားတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့လည်းသမဂ္ဂအသီးသီးကဆိုပါတယ်။
ကြေညာချက်မှာ နိုင်ငံတကာအစိုးရတွေ အနေနဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ဖို့၊ စစ်ကောင်စီပေါ် အရေးယူ ပိတ်ဆို့မှုတွေဆက်လက်ကျင့်သုံးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့သမဂ္ဂအားလုံးဟာ မြန်မာနိုင်ငံကအလုပ်သမားတွေ၊ဂျာနယ်လစ်တွေနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့လည်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း ကြေညာခဲ့တဲ့ သမဂ္ဂတွေ စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
•Building and Wood Workers International (BWI) Asia-Pacific
•Education International(EI) Asia-Pacific
•IndustriALL
•International Domestic Workers Federation (IDWF)
•International Federation of Journalists (IFJ)
•International Trade Union Confederation (ITUC) Asia-Pacific
•International Transport Workers’ Federation (ITF)
•International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF)
Asia-Pacific Regional Office
•Public Services International (PSI) Asia-Pacific
•UNI Global Union Asia and Pacific
