close
Connect with us

Hi, what are you looking for?

သတင်း

အငှားစစ်မှုထမ်းသူ ၁ဦးအပါအဝင် စစ်ကောင်စီတပ်သားသစ် ၃ဦး KNLA တပ်ရင်း(၉)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း(၉)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

K.N.L.Aတပ်ရင်း(၉)ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားသစ် ၃ဦး။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း(၉)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်ညနေပိုင်းက စစ်ကောင်စီတပ် ခလရ(၆၀)တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၃ဦးနှင့် ခမရ( ၅၉၀)တပ်ရင်းမှ တပ်သား ၁ဦးတို့ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသူများသည် စစ်မှုထမ်း အပတ်စဥ်(၁၁) သင်တန်းဆင်များ ဖြစ်ကြောင်း၊ တပ်သား ၁ဦးမှာ ကျေးရွာကိုယ်စား သိန်း(၇၀)ဖြင့် အငှါး စစ်မှုထမ်းသူဖြစ်ပြီး‌ ကျန် ၂ဦးမှာ မတရားစစ်မှုထမ်းစုဆောင်းခံရသူများဖြစ်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူများ အနေဖြင့် လက်နက်ယူဆောင်လာနိုင်ခြင်းမရှိသော်လည်း အဝတ်အစားနှင့်စားသောက်စရာများ ထောက်ပံ့ပေးအပ် ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားဟု KNUက အသိပေးသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန်လည်း KNUက ထပ်မံ တိုက်တွန်းသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း လူငယ်လူရွယ်များကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးပြုလျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်များယူလာ၍ သော်လည်းကောင်း၊ လက်နက်မပါဘဲနှင့်သော်လည်းကောင်း အလင်းဝင်ရောက်မှုများ မကြာခဏ ရှိနေသည်။

စစ်ကောင်စီသည် အဓမ္မ စစ်သားစုဆောင်းသည့် နည်းဖြင့် အင်အားဖြည့်နေ၍ အရေအတွက်အင်အား ထိုက်သင့်သလောက်တိုးနေသည်မှာ မှန်သော်လည်း ၎င်းတို့အတွက် တိုက်ခိုက်ရေး အင်အား မည်မျှ ဖြစ်လာမည်ဆိုသည်ကို စောင့်ကြည့်ရန်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားပြီး သေချာသည်မှာ စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့များထံ လူ၊ လက်နက် အားဖြည့်ပေးနေသူများ နေ့စဉ်နှင့်အမျှ ရှိဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီပေါ်တာဆွဲဖမ်းဆီးခဲ့သည့် စစ်မှုထမ်း လူငယ် ၁၄ ဦး လက်နက်များဖြင့်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီအထိနာနေသော နတ်ရေကန်ဗျူဟာအနီး စစ်မြေပြင်မှ စစ်မှုထမ်းသင်တန်း ဆင်း၅ဦးသည် လက်နက်ခဲယမ်းများယူဆောင် ထွက်‌‌ ပြေးလာပြီး မင်းဘူးခရိုင်၊အမှတ် ၂တပ်ရင်းထံသို့ အလင်းဝင်လာသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။