close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ကူးတို့ရေယာဉ် နစ်မြုပ်ပြီး ၁၅ ဦးထက်မနည်း သေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ လူပေါင်း ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters, Getty Images, Coast Guard District Southwestern Mindanao

ဖိလစ်ပိုင် နိုင်ငံမှာ လူပေါင်း ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်း ပင်လယ်ပြင်မှာ ဇန်နဝါရီ ၂၆ ရက် မနက်အစောပိုင်းတုန်းက MV Trisha Kerstin 3 ကူးတို့ရေယာဉ် နစ်မြုပ်ခဲ့တာလို့ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ရေယာဉ်ဟာ ဇမ်ဘိုယန်ဂါမြို့ ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး ၄ နာရီလောက် အကြာမှာ ဒုက္ခရောက်နေကြောင်း အရေးပေါ် အကူအညီ တောင်းခံမှုကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လူပေါင်း ၃၁၆ ဦးထက်မနည်းကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၁၅ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ထပ် ၂၈ ဦးကတော့ ပျောက်ဆုံးနေဆဲပါ။

ကမ်းခြေစောင့်တပ်ရဲ့ ဒေသခံ ကွပ်ကဲရေး အရာရှိ တစ်ဦးဖြစ်တဲ့ ရိုမဲလ် ဒူရာက လေတပ်နဲ့ ရေတပ်ဟာလည်း ကယ်ဆယ်ရေး မစ်ရှင်အတွက် အကူအညီတွေ ပေးပို့ခဲ့ကြောင်း AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကူးတို့ရေယာဉ်ဟာ ဘာလုဘာလုကျွန်းရဲ့ အရှေ့ဖက် ၅ ကီလိုမီတာလောက်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ထားသူတွေထဲမှာ ဆေးရုံကို ပို့ဆောင်ခဲ့ရသူ ဒါဇင်နဲ့ချီ ရှိခဲ့ပြီး ဒေသခံ ဆေးရုံတစ်ခုက လူနာ ၁၈ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ပြောပါတယ်။

ကူးတို့ရေယာဉ်ဟာ ဇမ်ဘိုယန်ဂါကနေ ဂျိုလိုကျွန်းဆီကို ဦးတည် ခုတ်မောင်းနေတုန်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ်မှာ အခုလို အဖြစ်ဆိုး ကြုံခဲ့ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လူမှုကွန်ရက်ပေါ် တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယို တစ်ခုထဲမှာတော့ ညမှောင်မှောင် ရေပြင်မှာ အသက်ရှင်သူတွေက အော်ဟစ် အကူအညီ တောင်းခံနေသံတွေကို ကြားနေခဲ့ရပါတယ်။ ကူးတို့ရေယာဉ် ဘာကြောင့် နစ်ခဲ့သလဲဆိုတာ မသိသေးကြောင်း၊ ဒါပေမဲ့ လူအသက်ဆုံးရှုံးမှုတွေ ကြုံခဲ့တဲ့ ရေကြောင်းဖြစ်ရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ခုအတွက် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ဒူရာက ဆိုပါတယ်။

လူပေါင်း ၁၁၆ သန်းလောက် နေထိုင်ပြီး ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံမှာ ရေကြောင်း သွားလာမှုဟာ အရေးပါတဲ့ ပို့ဆောင်ဆက်သွယ်ရေး နည်းလမ်းတစ်ခုအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ကျွန်းတွေကြား ခုတ်မောင်းပို့ဆောင်တဲ့ ကူးတို့ရေယာဉ်တွေ နစ်မြုပ်မှု အပါအဝင် ဆိုးရွားတဲ့ ရေကြောင်း မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။

လောလောလတ်လတ် အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက ဖိလစ်ပိုင် တောင်ပိုင်းမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားရာက လူပေါင်း ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မီးအကြီးအကျယ် လောင်ကျွမ်းနေချိန်မှာ ကိုယ်တိုင် လွတ်မြောက်ရေးထက် သူ့ရဲ့ ခွေးလေးနှစ်ကောင် ဘေးကင်းစေဖို့ ဦးစားပေးကယ်တင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာလူမှုကွန်ရက် မီဒီယာတွေမှာ ချီးကျူးခံနေရပါတယ်။

နိုင်ငံတကာ

တရုတ် သူလျှိုအဖြစ် စွပ်စွဲခံရသူ ဖိလစ်ပိုင်ရဲ့ မြို့တော်ဝန်ဟောင်း တစ်ဦးဟာ ငွေလိမ် (ကျားဖြန့်)လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်တစ်သက် ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ်အတွက် အသေအပျောက် အဆိုးဆုံး မုန်တိုင်းကြီးဒဏ်ကို လောလောလတ်လတ် ခံစားထားရတဲ့ ဖိလစ်ပိုင်ဟာ နောက်ထပ် အင်အားပြင်း မုန်တိုင်း တစ်ခုရဲ့ ဦးတည် ချဉ်းကပ်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။