close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုင်းထောင် သင်္ဘော ၁၆ စီးအပါအဝင် အီရန်ရေတပ် သင်္ဘောတွေကို အမေရိကန် ဖျက်ဆီး

ရေမြှုပ်မိုင်းထောင်တဲ့ သင်္ဘော ၁၆ စီး အပါအဝင် အီရန်ရေတပ် စစ်ရေယာဉ် အတော်များများကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။

ရေမြှုပ်မိုင်းထောင်တဲ့ သင်္ဘော ၁၆ စီး အပါအဝင် အီရန်ရေတပ် စစ်ရေယာဉ် အတော်များများကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့ဟာ အီရန်စစ်ပွဲ ကာလတလျှောက် အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းထန်ဆုံး ဆင်နွှဲခဲ့တဲ့ နေ့လို့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပြောပါတယ်။ အဲဒီနေ့ စစ်ဆင်ရေးတွေရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ရှိနေတဲ့ အီရန် ရေမြှုပ်မိုင်းထောင် သင်္ဘော ၁၆ စီးကိုပါ ဒုံးကျည်တွေ၊ ဗုံးတွေနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်သွားပါတယ်။

အီရန် ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အနှစ်မရှိတဲ့ ခြိမ်းခြောက် စကားတွေအပေါ် အီရန်အစိုးရက ဂရုမစိုက်ဘူးလို့ ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာ အမေရိကန်က ပြင်းထန်တဲ့ လေကြောင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့မှာတော့ ဟက်ဂ်ဆက်သ်က အမေရိကန်ရဲ့ စစ်ရေး ရည်မှန်းချက်တွေဟာ အီရန်ရဲ့ ဒုံးကျည် သိုလှောင်ထားမှုတွေနဲ့ ဒုံးကျည် ပစ်စင်တွေ၊ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးဖို့၊ အီရန် ရေတပ်ကို ဖြိုဖျက်ပစ်ဖို့နဲ့ နျူကလီးယား လက်နက် စီမံကိန်းတွေကို အပြီးတိုင် ဖယ်ရှားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ဟာ စစ်ပွဲကာလတလျှောက် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးပစ်မှတ်တွေကို နေ့စဉ် ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်နေခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်က တန်ပြန်ပစ်ခတ်တဲ့ ဒုံးကျည် အရေအတွက်ဟာ တစ်နေ့တာ အနည်းဆုံး အဆင့်ထိ ကျဆင်းသွားတယ်လို့ ဟက်ဂ်ဆက်သ်က ပြောပါတယ်။

စစ်ပွဲ အစောပိုင်း နေ့တွေတုန်းကနဲ့ ယှဉ်ရင် အီရန်ရဲ့ ဒုံးကျည်ပစ်အားဟာ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး နေ့စဉ် ဒရုန်းတွေနဲ့ တိုက်ခိုက်မှု အရေအတွက်ကလည်း ၈၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

အမေရိကန် စစ်တပ်ဟာ အီရန်ရဲ့ မိုင်းထောင်တဲ့ သင်္ဘောတွေ အပါအဝင် ရေတပ်ရေယာဉ်တွေကို ချိန်ရွယ် တိုက်ခိုက်တဲ့ စစ်ဆင်ရေး မှတ်တမ်းဗီဒီယို တချို့ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်က အီရန်စစ်ပွဲဟာ မပြီးမဆုံးနိုင် အလွန်အကျွံ ကြာညောင်းသွားနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေကို ပယ်ချထားပြီး သမ္မတ ဒေါ်နယ်လ်ထရမ့် ဆန္ဒရှိတဲ့ အချိန်မှာ ရပ်ဆိုင်းပစ်နိုင်တယ်လို့ ပြောပါတယ်။

သူက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အစပြုခဲ့တဲ့ စစ်ဆင်ရေး တလျှောက် အမေရိကန် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၄၀ ဒဏ်ရာရခဲ့ကြောင်း၊ အများစုက အသေးစား ဒဏ်ရာသာဖြစ်ပြီး ၁၀၈ ဦးဟာ မူလ တာဝန်တွေ ပြန်လည် ထမ်းဆောင်နေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒါပေမဲ့ ၈ ဦးရဲ့ ဒဏ်ရာတွေကတော့ ပြင်းထန်တယ်လို့ ကာကွယ်ရေး ဝန်ကြီးက အတည်ပြုသွားပါတယ်။

ကိုးကား: BBC

ဗီဒီယို – U.S. Central Command

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ စစ်အင်အားဟာ မူလ ကြိုတင် မျှော်လင့်ထားသလောက် တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အကြီးစား ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာမှုကို မျှော်လင့်ထားဖို့ အီရန်က အမေရိကန်ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ရေနံစျေးတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမက သတိပေး ပြောကြားသွားပါတယ်။

Facebook