ဆောင်းပါး
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ရပ်နီးရပ်ဝေး အင်အားကြီးနိုင်ငံများ၏ ထောက်ခံအသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုလက်ခံရေးမှာ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုက အဓိက ကျပါသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တကျော့ပြန် ဖြစ်ပွားစဉ် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်က တုံ့ပြန်မှုများနှင့်ကွဲပြားခဲ့သည်။ ဤတစ်ကြိမ် မြန်မာ့ပြဿနာကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂကို ဗဟိုပြုခြင်းထက်၊ အာဆီယံ အသင်းကြီးကို ဗဟိုပြုလာကြသည်ကို ကုသလမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအစိုးရများ၏ အာဆီယံ “တူညီဆန္ဒ ၅ရပ်” ကို ဝိုင်းဝန်းထောက်ခံခဲ့ကြခြင်းက ထင်ရှားသည်။ တနည်းအားဖြင့် အာဆီယံ ဗဟိုပြု (ASEAN Centrality) မူဝါဒနှင့်အညီ အာဆီယံဦးဆောင်ဖြေရှင်းရေးယန္တရား တည်ဆောက်ခဲ့သည်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံသည် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို နိုဝင်ဘာလ ၁၆- ၁၈ ရက်များတွင် ကျင်းပရန် စီစဉ်ထားသည်။ ထိုအစည်းအဝေးတွင် ၂၀၂၇ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင်ကာပူလက်ထဲ လွှဲပြောင်းပေးမည့် အစည်းအဝေးလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည့် ၂၀၂၇ ခုနှစ်သည် အာဆီယံအသင်းကြီး တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အချိန်ကာလ ဖြစ်သည်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



