Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို AA စစ်ဦးစီးချုပ် သတိပေး

ဒီနေ့မနက်ပိုင်းက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ တွစ်တာမှာ ” ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ၊ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး၊ မင်းနေတဲ့နေရာအထိတက်ကြိတ်ပလိုက်မှာနော်” လို့ရေးသားထားတာတွေ့ရပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အခြေစိုက်ရာ အမ်းမြို့ထိ တက်ပြီး တိုက်ခိုက်မယ်လို့ လူမှုကွန်ရက် တွစ်တာကနေ စစ်ကောင်စီတိုင်းမှူးကို သတိပေး ကြိမ်းဝါးလိုက်ပါတယ်။

စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာဗိုလ်ချုပ်ထင်လတ်ဦးဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ တွစ်တာမှာ ” ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ၊ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး၊ မင်းနေတဲ့နေရာအထိတက်ကြိတ်ပလိုက်မှာနော်” လို့ရေးသားထားတာတွေ့ရပါတယ်။

ဒီလိုကြိမ်းဝါးရတဲ့ အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

ဒါပေမယ့် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းစစ်အင်အားတိုးချဲ့တာတွေရှိနေသလို AA နဲ့ဆက်နွယ်သူတွေကို ဖမ်းဆီးတာတွေကြောင့် AAစစ်ဦးစီးချုပ်က အခုလို သတိပေးလိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိုတယ်လို့ ဖိတ်ကြားထားတဲ့အချိန် မှာ AA စစ်ဦးစီးချုပ်က အခုလိုပြောလာတာလည်းဖြစ်ပါတယ်။

AA ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့ကို စစ်ပညာသင်ကြားပေးနေတာရှိပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။